ပေါင်းတတ်သင်းတတ် အတူနေတတ်ဖို့
6000 (ကျပ်)
လူတွေကို ချစ်ခင်လေးစား တန်ဖိုးထားတတ်ခြင်း၊ သက်တူရွယ်တူများ အချင်းချင်း ချစ်ခင်စွာ နေထိုင်ဆက်ဆံခြင်း၊ အလုပ်ကို ပူးပေါင်းဆောင်ရွက်တတ်ခြင်း ၊ ကူညီတတ်ခြင်း ၊ သည်းခံခွင့်လွှတ်တတ်ခြင်း စတဲ့ကောင်းမြတ်တဲ့ တန်ဖိုးထားမှုတွေ ၊ အလေ့အကျင့်ကောင်းတွေကို ငယ်ရွယ်နုနယ်စဉ်ကစပြီး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါတယ်။ ဒီတန်ဖိုးထားမှုတွေ ၊ အလေ့အကျင့်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတန်ဖိုးထားမှုတွေကို ငယ်စဉ်ကစပြီး အခြေခိုင်မာနေအောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုပါတယ်။ ဒီစာအုပ်ထဲမှာ အလားတူ ဘဝမှာအရေးကြီးတဲ့ တန်ဖိုးထားမှု ၉ မျိုးကို ဖော်ပြထားပါတယ်။
၁။ အတန်းထဲမှာ အတူတူ ကောင်းစွာနေထိုင်တတ်မှု
၂။ ချစ်ခင်နားလည်မှု
၃။ နာယူတတ်မှု
၄။ သည်းခံတတ်မှု
၅။ မတူကွဲပြားမှုတွေကို လေးစားမယ်
၆။ မိမိကိုယ်မိမိ ယုံကြည်မှု
၇။ မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်ရှောက်တတ်မှု
၈။ မိမိကိုယ်မိမိ လေးစားတန်ဖိုးထားခြင်း
၉။ စည်းလုံးညီညွတ်မှု
ဒီစာအုပ်ထဲမှာ ဘဝအတွက်အရေးကြီးတဲ့ တန်ဖိုးထားမှုတွေကို ကလေးငယ်များ၊ မူကြိုအရွယ်ကလေးငယ်များ၊ မူလတန်းအောက်ဆင့်ကလေးငယ်များမှာ လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ နည်းများကို ဖော်ပြထားပါတယ်။ ကလေးများရဲ့ သဘာဝနဲ့ ကိုက်ညီတဲ့ ၊ ကစားရင်း၊ လက်တွေ့လုပ်ငန်းများလုပ်ဆောင်ရင်း၊ စူးစမ်းလေ့လာရင်း၊ သီချင်းဆိုရင်း ၊ ပုံပြင်နားထောင်ရင်း ၊ ပုံပြောရင်း၊ လက်တွေ့လုပ်ငန်းမှာ ပါဝင်သရုပ်ဆောင်ရင်း ၊ နမူနာကောင်းများ မြင်တွေ့ခွင့်ရအောင် စီစဉ်ပေးရင်း၊ အပြန်အလှန် ပြောဆိုဆွေးနွေးနည်းသုံးပြီး လေ့လာခြင်း စတဲ့ ကလေးသဘာဝနဲ့ ကိုက်ညီတဲ့ လေ့ကျင့်ပျိုးထောင် ပေးနိုင်တဲ့နည်းများကို ဖော်ပြထားပါတယ်။
စာမျက်နှာ | 221 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ပင်ဝါးရုံ၊ 2015 စက်တင်ဘာလ၊ (ဒု-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ