
ကလေးကိုချစ်ရင် မခြောက်ပါနဲ့
6000 (ကျပ်)
အကြောက်တရားကို အခြေခံပြီး ကလေးတွေကို ထိန်းချုပ်တာမျိုးဟာ ဘာနဲ့တူသလဲဆိုရင် တွန်းကန်အားကောင်းတဲ့ စပရင်ခွေကို ငြိမ်နေအောင် အတင်းဖိထားတာနဲ့ တူပါတယ်။ ဖိထားနိုင်တဲ့ အချိန်မှာတော့ ပိနေပါတယ်။ ဒါတောင် အောက်ဘက်က ပြန်တွန်းကန်အား ရှိနေသလို စိတ်ထဲကတော့ မကျေမနပ်ဖြစ်နေနိုင်ပါတယ်။ ဖိထားတာ တစ်ချက်ကလေး လွတ်သွားတာနဲ့ တစ်ပြိုင်နက် ရုန်းကန်ထွက်သွားမှာ ဖြစ်ပါတယ်။ ကလေးကို ကြောက်အောင် ဖိထားရသူအတွက်လည်း တကယ်တော့ ခက်ခဲပါတယ်။ အချိန်တိုင်း ဖိထားရတဲ့အတွက် သူ့မှာလည်း တင်းကျင်မှုရှိတာပါပဲ။ ဖိနှိပ်ခြောက်လှန့်ခံထားရတဲ့ ကလေးအတွက်ကတော့ စိတ်ကျဉ်းကျပ်မှု ပိုပြီး ခံစားရတာပေါ့။
ဒီစာအုပ်မှာ ကလေးတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ မိမိကိုယ်ကိုယုံကြည်မှုနဲ့ ခြောက်လှန့်အုပ်ချုပ်မှုဟာ မိဘ-သားသမီးဆက်ဆံရေးကို ဘယ်လောက်ထိ ထိခိုက်စေနိုင်လဲဆိုတာကို ဖော်ပြထားပါတယ်။ ချစ်ခြင်းမေတ္တာဖြင့် ဆုံးမခြင်းရဲ့ အရေးပါပုံ၊ ကလေးရဲ့ စိတ်နှလုံးကို နားလည်နိုင်ဖို့ အော်ဟစ်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့အစား အသုံးပြုနိုင်တဲ့ အပြုသဘောဆောင်နည်းလမ်းတွေကို လက်တွေ့ဖြစ်ရပ်များနှင့်တကွ ရှင်းလင်းဖော်ပြထားပါတယ်။
| စာမျက်နှာ | 152 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပင်ဝါးရုံစာပေ၊ 2018 ဒီဇင်ဘာလ (ပ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 31.3.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
1 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ