ပျူတွေဘယ်ပျောက်သွားသလဲ
8000 (ကျပ်)
ရှေးဦးမြန်မာလူမျိုးများနည်းတူ သမိုင်းတွင် အခိုင်အမာရှိခဲ့ပြီး လက်ရှိတွင် ပျောက်ကွယ်လုနီးပါးဖြစ်လာရသော ပျူ အနွယ်ဝင်လူမျိုးများ၏ သမိုင်းကြောင်းကို သုတေသနပြုစုထားသည့်စာအုပ်ဖြစ်သည်။ယခုစာအုပ်ကိုအထောက်အထားများစွာဖြင့် ကိုးကားပြုစုထားပါသည်။ ပျူလူမျိုးများသည် တိဗက်-မြန်မာနွယ်ဝင်များဖြစ်ကြပြီး မြန်မာနိုင်ငံအလယ်ပိုင်းသို့ ခရစ်နှစ်မတိုင်မီ ၅ ရာစုခန့်ကတည်းက ဝင်ရောက်အခြေချခဲ့ကာ ခရစ်နှစ် ၉ ရာစုလောက်အထိ အင်အားကြီးထွားခဲ့သော လူ့အဖွဲ့ အစည်းတစ်ခုဖြစ်သည်ဟု စာရေးသူက ဖော်ပြထားသည်။ ပျူလူမျိုးတို့ နေထိုင်ရာ ပျူမြို့တော် သရေခေတ္တရာတွင် စိုးစံခဲ့သော မင်းများ၊ ပျူလူမျိုးတို့၏ ယဉ်ကျေးမှုပုံစံ၊ ကိုးကွယ်ယုံကြည်မှုများ၊ စစ်ရေးစစ်ရာအတွက် ကြိုတင်တွက်ဆတတ်သည့် အတွေးအခေါ်များ၊ ပျူကျောက်စာများနှင့် အသံနေအသံထားများ စသည့် ပျူရေးရာအထွေထွေတို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်သည်။ ယခုစာအုပ်အား ဖတ်ရှုပြီး ပျောက်ကွယ်ပုန်းလျိုးနေသော ပျူလူမျိုးတို၏ အစကို ဆွဲထုတ်နိုင်သည့် စာအုပ်တစ်အုပ်ဖြစ်ပါလိမ့်မယ်။
| စာမျက်နှာ | 192 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2024 ဇွန်လ၊ (ဒုတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 1.11.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 8000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
1 in stock




ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ