မြန်မာသမိုင်းပုံ

5000 (ကျပ်)

မြန်မာ့စာပေ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာ သန်းထွန်း ပြုစုထားသော ‘မြန်မာသမိုင်းပုံ’ စာအုပ်ဖြစ်ပါသည်။ ရှေးခေတ်မြန်မာ့သမိုင်း ရာဇဝင်များနှင့် ရှေးအဖြစ်အပျက်များကို သက်သေအထောက်အထားများနှင့်တကွ စစ်မှန်သောသမိုင်းကို သုတေသနပြု ရှင်းလင်းပြထားခြင်း ဖြစ်သည်။ ၁၅၂၀ ပြည့်နှစ်တွင် ရှင်မဟာ သီလဝံသ ရေးသားခဲ့သည့် ‘ရှေးရာဇဝင်ကျော်’၊ ၁၇၂၀ ပြည့်နှစ်တွင် ဦးကုလား ရေးသားခဲ့သည့် ‘ရာဇဝင်ကြီး’ နှင့် ဘုရင်စစ်ကိုင်းမင်း အမိန့်တော်ဖြင့် ၁၈၂၉ ခုနှစ်တွင် ရေးသားခဲ့သည့် ‘မှန်နန်းရာဇဝင်’များတွင် ပါရှိသည်များနှင့် လုံးဝမပတ်သက်သည့် သမိုင်းတစ်မျိုးကို အရုပ်ဖြင့် အဓိကပြပြီး မလွဲသာ၍ စာဖြင့် ရှင်းလင်းထားသည်ဟု ဆရာကြီးက ဆိုထားပါသည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၅၀၀ ခန့်ကတည်းက မြန်မာဟုခေါ်သည့်နေရာတွင် မြစ်ကြီးနားမှ ကယားအထိ မြေပြင်များ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း၊ လူသားများ စတင်ဖြစ်ပေါ်လာပုံ၊ တိရစ္ဆာန်များ ဆင့်ကဲဖြစ်ပေါ်လာပုံ၊အသုံးအဆောင်များနှင့် ငွေကြေးများ၊ လက်နက်ပစ္စည်းများ ဆင့်ကဲဖြစ်ပေါ်လာပုံများကို ပုံများနှင့်တကွ စေ့စပ်စွာ ပြုစုရေးသားထားသည်။ ထို့အပြင် မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များ၊ ပုဂံသာသနာတော် အထောက်အထားများကိုလည်း ရှာဖွေပြုစုထားသည်။ မြန်မာ့သမိုင်းကို စိတ်ဝင်စားသည့်လူငယ်များနှင့် သမိုင်းသုတေသီများအတွက် အကျိုးရှိစေမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

စာမျက်နှာ

191

စာအုပ်အရွယ်အစား

5.7 x 0.4 x 8.2inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 ဇွန်လ၊ (ဒုတိယအကြိမ်)

4 in stock

ဒေါက်တာသန်းထွန်း စာအုပ်များ