
ပါပီလွန်နှင့် ဗင်ကို
28000 (ကျပ်)
ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက ပြင်သစ်အကျဉ်းထောင် တစ်ကျွန်းစနစ်သည် ကမ္ဘာတွင် အရက်စက်ဆုံးစနစ်တစ်ခုဖြစ်၏။ ပါပီလွန်သည် ပြင်သစ်တစ်ကျွန်းအကျဉ်းစခန်းတွင် ၁၃နှစ်ကျော်ကျော် ကြံ့ကြံ့ခံနေပြီး လွတ်မြောက်အောင် နေခဲ့သူ၏ အတ္ထုပ္ပတ္တိဖြစ်၏။ ယောကျ်ားကောင်းတစ်ယောက်၏ ဇွဲနှင့် အားမာန်များကို ဤဝတ္ထုတွင် အတုယူစရာပေါင်း များစွာပါရှိပါသည်။
| စာမျက်နှာ | 604 |
|---|---|
| စာအုပ်အရွယ်အစား | 6 x 1.5 x 9.5 inches |
| ပုံနှိပ်မှတ်တမ်း | ရတနာပုံစာအုပ်တိုက်၊ 2016 နိုဝင်ဘာလ၊ (စတုတ္ထ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 15.5.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 28000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





မျိုးသီရိအောင် –
တကယ်တော်တဲ့ ဇွဲရှိတဲ့ လူတစ်ယောက်ပါ
ဘာသာပြန်ပေးခဲ့တဲ့ ဆရာ ဦးလှဝင်းကို
ကျေးဇူးတင်ချင်ပါတယ်
တကယ်ကောင်းတဲ့ ဘာသာပြန်တစ်အုပ်ပါ
စာအုပ်တွေ ဖတ်ရတာ အမှတ်တွေ အများကြီး ကျန်ခဲ့သလို ခံစားရပါတယ်
စာတွေ အများကြီးကိုလည်း ကြိုးစား ဖတ်သွားပါ့မယ်
အမည်မသိ –
အရမ်းဖတ်ကောင်းပါတယ် ကိုယ်တွေ့ဖြစ်ရပ်မှန်ဆိုတော့ပိုတောင်ဖတ်ကောင်းပါတယ် ပညာတွေလဲအများကြီးရပါတယ်
အမည်မသိ –
ဇာတ်လမ်းကအစမှာတင် အရမ်းစွဲဆောင်နိုင်တယ် ဖတ်ချင်စိတ် လက်ကမချချင်စိတ်ဖစ်မိတယ် တကယ်ကိုကောင်းတဲ့စာအုပ်တစ်အုပ်ပါ အားမဘျော့ဖို့ ဇွဲရှိဖို့ အများကြီး ခွန်အားတွေနဲ့ ပညာတွေရတယ် ဘာသာပြန်ရေးပေးတဲ့ ဆရာကြီးကိုလဲ အရမ်းကျေးဇူးတင်ပြီး လေးစားပါတယ်
Thet Naing Aung –
📚 ဒီ ” ပါပီလွန်နဲ့ဗင်ကို ” စာအုပ်ဟာ စာဖတ်ဝါသနာပါတဲ့သူတိုင်း ဖတ်ဖူးကြမယ့် စာအုပ်တအုပ်ပါ။ ခုရေးမှာက ဒီဝတ္တုအတွက် Review မဟုတ်ပါဘူး။ စိတ်ခံစားချက်သက်သက်နဲ့ပဲ ရေးဖွဲ့တဲ့စာလို့ပဲ ဆိုပါတော့။
📚 အသက်နှစ်ဆယ့်လေးနှစ်အရွယ် ၊ အနုပျိုဆုံးအရွယ် ၊ အကျန်းမာဆုံးအရွယ် လူငယ်တယောက်ဖြစ်တဲ့ ပါပီလွန်ကို သူတကယ်မကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ တကျွန်းကိုပို့လိုက်ပါတယ်။ ဘယ်လောက်တောင် နာကျင်ခံခက်ဖြစ်မလဲဆိုတာ တွေးကြည့်လို့တောင်မရပါဘူး ။ သူ့ကို တကျွန်းပို့လိုက်တဲ့ တရားသူကြီးတွေ၊ရှေ့နေတွေ၊သက်သေတွေကို လက်စားချေချင်ဇောနဲ့ တကျွန်းကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားပုံတွေကို သည်းထိတ်ရင်ဖိုဖတ်ရပါတယ်။ သူ့ရဲ့ စန်းပွင့်ချက်ကလည်း ရှယ်ပါပဲ။ ဒါပေမယ့် သူဟာ အဲ့ဒီအပေါ်သာယာမနေပဲ သူရည်မှန်းထားတဲ့အရာကိုသာ ပြုလုပ်နိုင်ဖို့အမြဲကြံစည်နေတာပါ။ဒါပေမယ့် သူ့အတွေး၊သူ့စိတ်ကူးထဲမှာ ပုံဖော်ထားမိတဲ့သူနဲ့ ဆုံတွေ့တဲ့အခါမှာတော့ ပါပီလွန်ဟာ အတွေးအမြင်တွေ ပြောင်းလဲသွားပါတယ်။
📚ပြောချင်တာကတော့ ဒီဇာတ်လမ်းဟာ ကျနော်တို့တွေအတွက် လမ်းပြစေခဲ့တဲ့စာအုပ်ကောင်းတအုပ်လို့ အတိအကျညွှန်းဆိုချင်တာပါ။ ဘဝမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားကြရတဲ့အခါ အဆင်မပြေမှုတွေ၊အခက်ခဲတွေ ကြုံကြရပါတယ်။ အဲ့ဒီအခါ စိတ်ဓာတ်မကျစေပဲ အမြဲတက်ကြွစွာနဲ့ ရင်ဆိုင်ဖြတ်သန်းတဲ့အခါ အောင်မြင်မှုဟာ မလွဲဧကန်ရနိုင်တယ်ဆိုတာ သိသာမြင်သာစေတဲ့စာအုပ်ပါ။
📚အခုခေတ်မှာဆို လူငယ်တွေဟာ စာအုပ်တွေဖတ်ကြတဲ့အခါ စိတ်ခွန်အားဖြည့်စာအုပ်တွေကို အဓိကဖတ်ကြတာ မြင်နေရပါတယ်။ဒီစာအုပ်ဟာ စိတ်ခွန်အားဖြည့်စေတဲ့ စာအုပ်သီးသန့် မဟုတ်ပေမယ့် ဒီစာအုပ်ဖတ်ပြီးတဲ့အခါ ကိုယ့်ရဲ့စိတ်ဟာ ကြည်လင်ရှင်းသန့်ပြီး ခွန်အားအပြည့်ရစေမယ့်စာအုပ်ပါပဲ။ ဒါကြောင့် ဒီစာအုပ်ကိုဖတ်ရင်း အခက်ခဲတွေကို ကြံ့ကြံ့ခံဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။
📚စာဖတ်ရင်း ဘဝအမောတွေ ပြေကြပါစေ။
Chel Chel –
တကယ် အရမ်းဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။