ပါပီလွန်နှင့် ဗင်ကို

( 7 မှတ်ချက်)

28000 (ကျပ်)

ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက ပြင်သစ်အကျဉ်းထောင် တစ်ကျွန်းစနစ်သည် ကမ္ဘာတွင် အရက်စက်ဆုံးစနစ်တစ်ခုဖြစ်၏။ ပါပီလွန်သည် ပြင်သစ်တစ်ကျွန်းအကျဉ်းစခန်းတွင် ၁၃နှစ်ကျော်ကျော် ကြံ့ကြံ့ခံနေပြီး လွတ်မြောက်အောင် နေခဲ့သူ၏ အတ္ထုပ္ပတ္တိဖြစ်၏။ ယောကျ်ားကောင်းတစ်ယောက်၏ ဇွဲနှင့် အားမာန်များကို ဤဝတ္ထုတွင် အတုယူစရာပေါင်း များစွာပါရှိပါသည်။

စာမျက်နှာ

604

စာအုပ်အရွယ်အစား

6 x 1.5 x 9.5 inches

ပုံနှိပ်မှတ်တမ်း

ရတနာပုံစာအုပ်တိုက်၊ 2016 နိုဝင်ဘာလ၊ (စတုတ္ထ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

15.5.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 28000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

ပါပီလွန်နှင့် ဗင်ကို အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. အမည်မသိ –

    ဇာတ်ကားလည်း2017မှာထွက်ထားတယ် ပါပီလွန်နာမည်နဲ့အတော်ကြည့်ကောင်းသလို စိတ်ဓာတ်ခွန်အားလည်းဖြစ် စာအုပ်ဖတ်ထားပြီးဇာတ်ကားကြည့်တော့ပိုကြည့်ကောင်း

  2. Nyan Lin Htet –

    ပါပီလွန် နှင့် ဗင်ကို ဆိုတဲ့ဒီစာအုပ်ကိုကျွန်တော်မနက်ကမှဖတ်ပြီးသွားတာပါ အရမ်းဖတ်လို့ကောင်းတယ်လို့ပြောလို့ရပါတယ် အမှန်ဆိုရင်တစ်ထိုင်တည်းဖတ်ချင်ပေမဲ့ တခြားအလုပ်တွေကမဖြစ်မနေလုပ်ရမှာမို့ နှစ်ရက်ခွဲ ပြီးဖတ်ဖြစ်ခဲ့ပါတယ်
    စာဖတ်ဝါသနာပါသူတွေ စာအုပ်စုဆောင်းသူတွေအနေနဲ့ ပညာလည်းရသလို ဗဟုသုတတို့ ရသတို့ကိုအပြည့်အဝပေးနိုင်တဲ့ယခုလိုစာအုပ်မျိုးတွေဖတ်ကြည့်သင့်ပါတယ် ဒီစာအုပ်ကယောင်္ကျားတစ်ယောက်ရဲ့ ဇွဲ ကောင်းမှုတွေ လောကဓံကိုအရှုံးမပေးဘဲရင်ဆိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်လူတစ်ယောက်အကြောင်းကိုရေးထားတာပါ ပါပီလွန်ဟာချစ်ရသူတွေများစွာခွဲခွာခဲ့တယ် ဒါပေမဲ့ သူဟာစွန့်လွှတ်နိုင်ခဲ့တယ် ကြိုးစားခဲ့တယ် စိတ်ဓာတ်ကျစေနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ကြုံခဲ့ရပေမဲ့ပါပီလွန်ဟာဘယ်တော့မှလက်မမြှောက်ခဲ့ပါဘူး
    ဒီစာအုပ်ကလက်ကမချချင်အောင်ဖတ်လို့ကောင်းပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဦးလှဝင်း(လေသူရဲတစ်ဦး) စာအုပ်များ