ကျော်ဖြတ်ခဲ့သောတောင်တန်းများ

( 0 မှတ်ချက်)

15000 (ကျပ်)

ဒီခံစားမှုစာစုဟာ စာဖတ်သူတွေကိုဆရာမရဲ့ အမြင်၊ အတွေး အတိုင်းရင်းရင်းနှီးနှီးပြောပြတဲ့ ၂၀၂၂ကစပြီး ဆရာမရဲ့ ဖေ့ဘွတ်စာမျက်နှာက ရေးလာတဲ့ စာစု၂၇ပုဒ်ဖြစ်ပါတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ပန်းချီမြင့်မောင်ကျော်၊ဆရာမနှင်းဝေငြိမ်းရဲ့ အမှာစာတွေပါရှိပြီး စာရေးသူရင်တွင်းစကားလည်း ပါရှိပါတယ်။

*စကားပြောဟန်နဲ့ ပေါ့ပေါ့ပါးပါး ပြောပြပြီး တချို့သော အကြောင်းအရာတွေက ကျယ်ပြန့်တာမို့ နိမိတ်ပုံ သင်္ကေတနဲ့ ဖန်တီးပြပါတယ်။ လူမှုအဖြစ်အပျက်တွေကနေ စာရေးသူရဲ့ ဘဝရဲ့စာမျက်နှာ တက္ကသိုလ်ဆရာမအတွေ့အကြုံတွေဟာလည်း အခုတော့ ရထားပေါ်က လှမ်းကြည့်ရင် ရိပ်ခနဲ ရိပ်ခနဲဖြတ်ကျော် သွားတဲ့မြင်ကွင်းတွေလိုပဲ ကျန်ရစ်ခဲ့ရတာတွေဟာ  အတိတ်ရဲ့အရိပ် ဖြစ်သွားတာတွေ။

*အများမမြင်သာသောလူ့ဘဝ သင်္ခန်းစာများကို ရသစာပေဖြင့် မီးမောင်းထိုးပြလာသော စာစု။

*ပါမောက္ခ အခန်းကိုအတူတူရင်ဘာင်တန်း သွားနေရင်း ရုံးခန်းအပေါက်ဝရောက်မှ ခပ်သွက်သွက် ခြေတစ်လှမ်း ကျောဝင်သွားပြီး သူပဲအရင်ရောက်ကြောင်း ပြသူမျိုး။

*လူတစ်ယောက် အလွန်နာကျင် ခက်ခဲနေချိန်မှာ နှစ်သိမ့်ဖို့ နေနေသာသာ ကန်ထုတ်ပြီး တက်နင်းခဲ့သူက သွေးပြည်ယိုစီးလျက် နာကျင်စွာသော အနာကို ထက်စွာသော ဆူငြောင့်ဖြင့် ထိုးဘိသကဲ့သို့ ဆိုတဲ့ခံစားချက်ကို ဘယ်သိပါ့မလဲ..သူဒီလို လုပ်လိုက်တယ်ဆိုတာ သိဖို့ဝေးစွ ခြောက်ပါး ဆိုသည့် သေးသေးလေးအဖြစ်မျိုး။

*ဘဝမှာ အချို့ သေးသေးလေးတွေကနေ အများကြီးမျှော်လင့်မထားဘဲ ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ စဥ်းစားမိ စေတာမျိုး။

*လောကအကြောင်း လူ့အကြောင်းတွေထဲက လူတွေ အမှုမဲ့အမှတ်မဲ့ ဖြတ်ကျော်သွားမိတဲ့ အကြောင်းအရာလေးတွေပါသလို၊ ခေတ်အကြောင်း စနစ်အကြောင်း၊ အချစ်အကြောင်းတွေလည်း ပါတဲ့ခေတ်ပြိုင်ခံစားမှု ။

*အွန်လိုင်းပေါ်က လေအချစ်နဲ့ နစ်နေတဲ့ သူတွေအကြောင်းပါသလို ငယ်ဘဝနေခဲ့ရတဲ့ နေရပ်ဒေသစွဲ အချစ်လွမ်းမောစရာ အဖြစ်တွေပါတဲ့ ခံစားမှုစာစု..

ဖတ်ကြည့်ပါ စာဖတ်သူကိုရသနဲ့ အတွေး တစ်ပြိုင်နက်ပေးမယ့် ခေတ်ပြိုင်စာအုပ်တစ်အုပ်ပါ။

စာမျက်နှာ

132 (Woodfree paper)

စာအုပ်အရွယ်အစား

5.3 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

မုဒိတာစာပေ 2026 မေလ (ပထမအကြိမ်)

19 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကျော်ဖြတ်ခဲ့သောတောင်တန်းများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ရာသက်ပန်(တောင်ငူဆောင်) စာအုပ်များ