


အိုရှိုး၏ဓမ္မပဒ (အတွဲ ၃)
12000 (ကျပ်)
ဗုဒ္ဓတရားရှင်အလိုအရ ကျမ်းဂန်တွေဆိုတာ လွဲမှားနေတာတွေပါ။ အသိပညာဆိုတာတွေလည်း လွဲမှားနေတာပါပဲ။ ‘ခရစ်တော်’ဟာ မှန်ကန်ပေမဲ့ ခရစ်ယာန် ဘာသာတရားဟာ မှားယွင်းနေပါတယ်။ ‘မဟာဝိရ’ကမှန်ပေမဲ့ ဂျိမ်းဝါဒဟာ မှားယွင်းနေပါတယ်။ ‘မဟာဝိရ’ဟာ သိနေသူပါ။ ‘ဂျိမ်းဝါဒ’ကတော့ အသိပညာ ဖြစ်လာပါပြီ။
“အသိပညာ’ဆိုတာ ‘သိခြင်း’ရဲ့ကျဆုံးခန်းပါ။ ‘သိခြင်း’ဟာ ပုဂ္ဂလိကတစ်ဦးတစ် ယောက်နဲ့သာ သက် ဆိုင်ပြီး ‘အသိပညာ’ဟာ လူသုံးကုန်တစ်ခုပါ။ လူမှုရေးအဖြစ်အပျက်တစ်ခုပါ။ ‘အသိပညာ’ကို ရောင်းနိုင်ဝယ်နိုင်ပါတယ်။ တက္ကသိုလ်ကျောင်းတိုက် ကြီးတွေ၊ စာသင်တိုက်ကြီးတွေမှာ ရနိုင်ပါတယ်။
မကြာခင် တစ်ကမ္ဘာလုံးက သတင်းအချက်အလက်တွေ ချက်ချင်းသိနိုင်တဲ့ ကွန်ပျူတာလေးတစ်လုံးနဲ့ ခင်ဗျားတို့တွေ အလုပ်,လုပ်နိုင်တော့မှာပါ။ကွန်ပျူ တာခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာပေါ်က ခင်ဗျားသိချင်တဲ့အကြောင်းအရာတွေအားလုံး သိနိုင်တော့မှာပါ။
အတိတ်မှာလည်း ခင်ဗျားတို့စိတ်တွေ အဲ့ဒီအတိုင်းပဲ အလုပ်,လုပ်နေတာပါ။ ယခုအခါ ခင်ဗျားတို့ထက် စက်တွေက ပိုပြီးစွမ်းဆောင်နိုင်တော့မှာပါ။ အဲ့ဒီ
စိတ်တွေဟာ ဘာမှမဟုတ်၊ စက်တစ်လုံးပါ၊ ဇီဝကွန်ပျူတာတစ်လုံးပါ။ ဒါပေမဲ့ ခင်ဗျားတို့ သေသေ ချာချာသိရမှာ ဇီဝကွန်ပျူတာတစ်လုံးလိုဖြစ်နေတဲ့ ခင်ဗျားတို့စိတ်တွေဟာ ‘သိစိတ်’မဟုတ်၊ အမှန်အရှိတရားမဟုတ်။ လူမှုရေးဘေးထွက် ထုတ်ကုန်တစ်ခုပဲဆိုတာ မှတ်သားထားကြပါ။
ခင်ဗျားဟာ ဟိန္ဒူမိသားစုတစ်စုမှာ မွေးဖွားလာမယ်ဆိုရင် ဟိန္ဒူဘာသာရေးအသိပညာတွေ သင်ယူရမှာပါ။ ခရစ်ယာန်တစ်ယောက်ဖြစ်မယ်ဆိုရင်လည်း မတူခြားနားတဲ့ ဘာသာရေးအသိပညာတွေ တတ်မြောက်ရမှာပါ။ ရုရှားနိုင်ငံမှာ မွေးဖွားလာမယ်ဆိုရင် ကွန်မြူ နစ်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကားလ်မာ့က်စ် အိန်ဂျယ်နဲ့ လီနင်တို့ လမ်းညွှန်ချက်တွေ၊ အယူဝါဒတွေ လေ့လာရမှာပါ။ တရုတ်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်လည်း မော်စီတုန်းရဲ့ စာအုပ်နီလေးတွေကို ဖတ်ချင်ဖတ် ရမှာပါ။ တရုတ်တွေအတွက် မော်စီတုန်းဟာ ခေါင်းဆောင်ကြီးဆိုပေမဲ့ တကယ်တော့ သူကိုယ်သူတောင် ဘာမှန်းမသိတဲ့လူပါ။ အခြေခံကျတဲ့ ပုန်ကန်မှုကိုတောင် မလုပ်နိုင်ဘဲ တော်လှန်ရေးဆိုတာကို ဘယ် လိုသိနိုင်မှာလဲ။ အခြေခံတော်လှန်ရေးမှာ အသိပညာတွေကို စွန့်ပစ်ပြီး စွန့်စားရပါလိမ့်မယ်။
“အကြင်သူသည် မည်သည့်နေရာတွင် ပြိုလဲခဲ့သည်ကိုလည်းကောင်း၊ မည်သည့်နေရာတွင် ပြိုလဲနိုင်သည်ကိုလည်းကောင်း ပညာရှိသည် သိ၏’တဲ့ ပညာရှိဟာ အတိတ်ကိုသာမက အနာဂတ်ကိုလည်း သတိပေးနေတာပါ။ အတိတ်မှာ မကြာခဏ ပြိုလဲခဲ့သလို ရှေ့ခရီးမှာလည်း လမ်းချော်သွားနိုင်မဲ့ ဆူးငြောင့်ခလုတ် အများအပြား ရှိနေပါတယ်။
ဥပမာ အားလုံးသော အသိပညာတွေဟာ အတုအ ယောင်တွေ ဖြစ်တာ ကြောင့် သမ္မာကျမ်း (သို့) ဝေဒကျမ်း (သို့) ကုရ်အန်ကျမ်းကို ခင်ဗျားတို့ ဖက်တွယ် ထားစရာ မလိုတော့ကြောင်း၊ ကျုပ်ပြောစကားတွေကို ခင်ဗျားတို့ယုံပြီး အဲ့ဒီကျမ်းတွေကို ခင်ဗျားတို့ စွန့်ပစ်ကောင်း စွန့်ပစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်စကားတွေကို ခင်ဗျားတို့ အသေဆုပ်ကိုင်ပြီး ကျုပ်အိုင်ဒီယာတွေကနေတဆင့် နောက်ထပ် သမ္မာကျမ်းတစ်ကျမ်းကို ခင်ဗျားတို့ ဖန်တီးကြအုံးမှာပါ။ အဲ့ဒီနည်းနဲ့ပဲ ထောင်ချောက်တစ်ခုပြီး တစ်ခု မိနေအုံးမှာပါ။
| စာမျက်နှာ | 313(burma paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3x 0.6 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2025 မေလ (ပထမအကြိမ်) |
3 in stock
နိုင်ဦး စာအုပ်များ
-
နိုင်ဦးအကြောက်တရားမှလွတ်မြောက်ရေး
15000 (ကျပ်)Rated 5.00 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
နိုင်ဦးအိန္ဒိယကိုခွဲစိတ်ခြင်း
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးကြောက်စိတ်
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးစိတ်လေ့ကျင့်ခန်းကမ္မဋ္ဌာန်း
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးရှင်ခြင်း နှင့် သေခြင်း အနုပညာ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးတရုတ်ရာစုနှစ် နိဂုံးလား
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၁)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၃)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၄)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၂)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၅)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးမျှော်လေတိုင်းရွှေကမ်းသောင်သာ
35000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ