တရုတ်ရာစုနှစ် နိဂုံးလား

( 0 မှတ်ချက်)

15000 (ကျပ်)

ကမ္ဘာကျော်သတင်းထောက် ဘာတေးလစ်တနာ၏ နောက်ဆုံးထုတ် စာအုပ် “တရုတ်ရာစုနှစ်ကျဆုံးခန်း” သည် တရုတ်၏ ကမ္ဘာလုံးချီ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ BRI ခေါ် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်းကို အကြောင်းကိုရေးသားထားသည်။

 

BRI စီမံကိန်းဒေသများဖြစ်သည့် တရုတ်နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် ရှရှားအရှေ့ဖျားဒေသ၊ တောင်အာရှ၊ မြန်မာပါဝင်သည့် အရှေ့တောင်အာရှဒေသ၊ အိန္ဒိယနှင့်နယ်နိမိတ်ခြင်း ထိစပ်နေသည့် ဟိမဝန္တာဒေသ၊ အာဖရိကဒေသများ၊ အိန္ဒိယ သမုဒ္ဒယာ၊ ပစ္စဖိတ် သမုဒ္ဒယာတွင်းရှိ ကျွန်းနိုင်ငံများတွင် BRI စီမံကိန်းကြောင့် အောင်မြင်မှုများ၊ တရုတ်၏ အကြွေးထောင်ချောက်အတွင်း သက်ဆင်းခဲ့ရသော နိုင်ငံများ အကြောင်းကို အသေးစိတ်ဝေဖန်ဆန်းစစ်ထားသည်။

 

တရုတ်၏ BRI စီမံကိန်းကို ထိန်းညှိရန် ကြိုးစားနေသည့် အိန္ဒိယဦးဆောင်သည့် BIMTIC အဖွဲ့၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဩစတြေးလျ၊ နယူးဇီလန် စသော နိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ပြထားသည်။

 

ဘာတေးလစ်တနာသည် ဤစာအုပ်ကို ပြုစုရာတွင် ဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ စာအုပ်စာတမ်းများ၊ ဌာနေသတင်းဌာနများ၏ သတင်းအရင်းအမြစ်ပေါင်းများစွာကို ကိုးကားထားသည်။

စာမျက်နှာ

275 (𝐖𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐏𝐚𝐩𝐞𝐫)

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

လွင်ဦးစာပေ၊၊ 2025 မေလ၊ (ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တရုတ်ရာစုနှစ် နိဂုံးလား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နိုင်ဦး စာအုပ်များ