
ကိုယ့်ရဲ့ အိုအေစစ်လေး
8500 (ကျပ်)
အိုအေစစ်ဆိုတာ သဲကန္တာရမရှိတော့တဲ့နေရာ မဟုတ်ဘဲ သဲကန္တာရရှိနေတုန်းမှာပဲ ရေရှိနေတဲ့နေရာ၊ အပင်တွေ ရှင်သန်နိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။
ဘဝမှာလည်းဒီလိုပါပဲ။ တစ်ခါတလေ လူတွေအများကြီးကြားထဲမှာတောင် တစ်ယောက်တည်းလို ခံစားရတတ်တယ်။ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့နေ့တွေ ရှိတတ်တယ်။ ချစ်လို့ နားလည်ပေးနေရင်း ကိုယ့်ကိုယ်ကိုယ် မေ့သွားတာမျိုးတွေ၊ “မလုပ်နိုင်သေးဘူး” လို့ ပြောခွင့် မပေးမိတာမျိုးတွေလည်း ရှိတတ်ပါတယ်။
အဲ့ဒီအချိန်တွေမှာ ကျွန်မတို့ လိုအပ်တာက တစ်စုံတစ်ခုကို အပြစ်တင်စောဖို့ထက် ခဏရပ်ပြီး ကိုယ့်ရင်ထဲကို ပြန်နားထောင်ဖို့ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာလဲ ကိုယ့်ခံစားချက်တွေကို သိမြင်နားလည်ဖို့ ကိုယ့်လိုအပ်ချက်တွေကို သတိထားမိဖို့ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ ပိုမိုကောင်းမွန်စွာ ဆက်ဆံနိုင်ဖို့ လိုအပ်တဲ့နေရာမှာ နယ်နိမိတ်စည်းထားဖို့နဲ့ ကိုယ့်တန်ဖိုးကို ပြန်သတိရဖို့ အကြောင်းတွေကို ရေးသားထားပါတယ်။
ဒါတွေဟာ တခြားသူတွေနဲ့ ပိုအဆင်ပြေအောင် နေထိုင်ဖို့ တစ်ခုတည်းအတွက်ပဲ မဟုတ်ပါဘူး။ လူတွေနဲ့ ဆက်နွယ်နေရင်း ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေဖို့လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီစာအုပ်ထဲက “အိုအေစစ်” ဆိုတာ ပြဿနာတွေ အားလုံး ကင်းဝေးသွားတဲ့ နေရာတစ်ခုကို ဆိုလိုတာ မဟုတ်ပါဘူး။
ဘဝက ပူပြင်းနေတုန်းမှာတောင် ကိုယ့်စိတ်ကလေး ခဏနားခိုစေနိုင်မယ့်နေရာ၊ ကိုယ့်အသံကို ကိုယ်ပြန်ကြားနိုင်တဲ့နေရာ, ကိုယ့်စိတ်အတွင်းမှာ ရှိနေတဲ့ အိုအေစစ်ရဲ့ ရေအရင်းအမြစ်လေးကို ပြန်လည်ရှာတွေ့နိုင်တဲ့ နေရာတစ်ခုပါ။
အိုအေစစ်ဆိုတာ သဲကန္တာရရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး။သဲကန္တာရအလယ်မှာပဲ ရှင်သန်နေတဲ့ ရေကန်လေးတစ်ခုပါ။
ဒီစာအုပ်လေးဟာ စာဖတ်သူဘဝအတွက် အဖြေအားလုံးပေးနိုင်မယ့် စာအုပ်တစ်အုပ်ထက် သင်မေ့နေနိုင်မယ့် သင့်ရင်ထဲက အိုအေစစ်လေးဆီ လည်ပြန်လှည့်ကြည့်မိစေမယ့် စာအုပ်လေး ဖြစ်ပါစေ။
| စာမျက်နှာ | 120 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 × 0.2 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026 အောက်တိုဘာလ(ပထမအကြိမ်) |
10 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ