မြန်မာပြည်မြောက်ပိုင်း
20000 (ကျပ်)
” မြန်မာပြည်မြောက်ပိုင်း” သည် ၀တ္ထုဖြစ်သည်။ သမိုင်းမဟုတ်။ အတ္ထုပ္ပတ္တိမဟုတ်။
ယခု၀တ္ထုကြီးသည် မြန်မာတို့၏ နောက်ဆုံးကုန်းဘောင်မင်းဆက် ပြီးဆုံးခါနီးကာလမှာ ဇာတ်အိမ်စတည်ထားသည်။ ထိုစဉ်က နိုင်ငံအောက်ပိုင်းတစ်ခုလုံးကို ဗြိတိသျှတို့က သိမ်းယူထားပြီးပြီ။ သူတို့က အထက်မြန်မာနိုင်ငံကိုပါ သိမ်းယူနိုင်မည့် အခွင့်ကောင်းကို ချိုသွေးတမြမြဖြင့်စောင့်စားနေချိန်။
ထိုအချိန်တွင် နိုင်ငံအဝန်းမှာကလည်း မြန်မာဘုရင်၏ ဩဇာအာဏာ ကျဆင်းလာနေ၏။ နန်းတွင်းမှာလည်း အရေးအခင်းများနှင့် ရှုပ်ထွေးနေ၏။ နယ်များတွင် ဘုရင့်လူများက လူအများ၏ အားကိုးရာမဟုတ်ဘဲ သူတို့အပေါ် နိုင့်ထက်စီးနင်း ပြုသူများသာဖြစ်နေလေသည်။
အရာရာကား ဖရိုဖရဲ။ သည်လိုနှင့်ပင် တစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်ကျရောက်ရတော့သည်။ သည်အခါတစ်မျိုးသားလုံးက နာကျည်းခါးသီးစွာဖြင့် အမိမြေအပေါ် ကျူးကျော်စော်ကားလာသူများကို ခုခံကြတော့သည်။ သူတို့သည် သည့်မတိုင်မီက ဘာမျှမဟုတ်ကြ။ ကိုယ့်လယ်ကလေး၊ ယာကလေးကို ထွန်ယက်လုပ်ကိုင်စားသောက်နေသူများသာဖြစ်သည်။ တချို့က ဘ၀မှာရေစုန်မျောကာ ပျက်စီးနေသူများပင်ဖြစ်သည်။ သို့သော် အမိမြေကို ကျူးကျော်လာပြီး စော်ကားလာပြီဟု သိသောအခါ သူတို့တစ်တွေ ဓားအိမ်မှ ဓားကို ချွတ်ကြတော့သည်။ သေနတ်မောင်းကိုတင်ကြတော့သည်။
တစ်ချိန်က လူဆိုးလူမိုက်ဆိုသူများသည် တကယ်စွန့်ဝံ့သူများဖြစ်သွားသည်။ အစပိုင်းမှာ ရဲရဲတောက်သူတချို့ကျတော့ ရေရှည်တွင် အတ္တနွံထဲနစ်မွန်းကျဆုံးသွားတာတွေလည်း ရှိပြန်သည်။
သည်အဖြစ်မျိုးတွေက ပစ္စက္ခအချိန်မှာပင် ကြည့်တတ်လျှင် မြင်ရမည်ပင်။ သည်လူ့သဘော၊ လူ့မနောတွေကိုလည်း ဆရာနတ်နွယ်က ဇာတ်အိမ်အလှည့်အပြောင်းများဖြင့် ထိမိစွာကစားသွားသည်။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများနှင့် လူ့ဘ၀ဖြစ်စဉ်ဇာတ်လမ်းစုံကိုတော့ ၀တ္ထုထဲမှာ စာဖတ်သူတို့ဆက်လက်ဖတ်ရှုခံစားနိုင်ပါသည်။
(မြန်မာပြည်မြောက်ပိုင်းစာရေးဆရာ နတ်နွယ်နှင့် တွေ့ဆုံခြင်း မှ ကောက်နှုတ်ဖော်ပြချက်)
ယခုစာအုပ်သည် မြန်မာပြည်အထက်ပိုင်းရှိ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး၊ လူမှုရေး၊ ရိုးရာဓလေ့ ထုံးတမ်းများ၊ သမိုင်းဝင် ပုဂ္ဂိုလ်များ၊ သမိုင်းဝင် အရေးအခင်းများ၊ တိုက်ပွဲများ၊ သမိုင်းဝင်နေရာဒေသများအကြောင်းရေးသားထားသည့် သမိုင်းနောက်ခံ ဂန္တဝင်၀တ္ထုရှည်ကြီးဖြစ်ပါသည်။
စာမျက်နှာ | 727 |
---|---|
စာအုပ်အရွယ်အစား | 7.2 x 1.8 x 10.5 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုအနုပညာ၊ 2013 စက်တင်ဘာလ (ဒု-ကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ