ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်

( 0 မှတ်ချက်)

4500 (ကျပ်)

ယခုစာအုပ်သည် ၁၈၇၄ ခုနှစ်တွင် မူရင်းပြင်သစ်စာရေးဆရာ Jules Verne ၏ ဂန္တဝင်စွန့်စားခန်း ဝတ္ထုဖြစ်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အဖြစ် Magery Green က ပြန်လည်ရေးသားထားသည်ကို ဆရာနတ်နွယ်က မြန်မာဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ “ကမ္ဘာကြီးက ငယ်လာပြီလို့ ခင်ဗျားတို့ပြောတာ မှန်ချင်မှန်ပေမဲ့ အနည်းဆုံး သုံးလတော့ ပတ်ရမယ်ဗျာ” “ရက်ပေါင်းရှစ်ဆယ်တည်းနဲ့ ပတ်နိုင်တယ်ဗျာ” ဇာတ်လမ်းကို Phileas fogg နှင့် သူ့သူငယ်ချင်းတို့ကြားက ကြီးမားသော အလောင်းအစားတစ်ခုနှင့် စတင်ထားပြီး သက်သေပြနိုင်ရန်အတွက် ရက်ပေါင်းရှစ်ဆယ်အတွင်း ဆရာတပည့်နှစ်ယောက် ကမ္ဘာပတ်ခဲ့သည့်အကြောင်းကို ရေးသားထားသည်။ စိတ်ဝင်စားဖွယ် စွန့်စားခန်းများနှင့် အတူ ထိုခေတ်အခါက သယ်ယူပို့ဆောင်ရေးပုံစံ အနေအထားများကိုလည်း စာဖတ်သူတို့ ဖတ်ရှုခံစားနိုင်မည် ဖြစ်သည်။ ဤစာအုပ်တွင် စွဲမက်ဖွယ်ကောင်းသော ဇာတ်ကောင်များပါရှိပြီး ဇာတ်လိုက် Fogg သည် ရက် ၈၀ အတွင်း ကမ္ဘာပတ်နိုင်မည်လော ဆိုသည်ကိုမူ ကိုယ်တိုင်ဖတ်၍ ခံစားစေချင်ပါသည်။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 မေလ၊ (စတုတ္ထအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နတ်နွယ် စာအုပ်များ