ငရဲဆို ချိုနဲ့လားဗျို့

( 3 မှတ်ချက်)

14000 (ကျပ်)

စာမျက်နှာ

332 (Woodfree Paper)

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2026 ဇွန်လ (ပဉ္စမကြိမ်)

စျေးနှုန်းအပြောင်းအလဲ

2.12.2021 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 14000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

10 in stock

ငရဲဆို ချိုနဲ့လားဗျို့ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Khunkaung Khantkyaw

    ငရဲဆို ချိုနဲ့လားဗျို့
    အဓပ္ပါယ်လေးဘယ်လိုလဲ?
    ချိုက ဦးချိုကိုပြောတာလား?၊ အရသာချိုတာကိုပြောတာလား?
    လူကြီးမင်းတို့ဟော ဘယ်လို အဓိပ္ပါယ်ကောက်ကြလဲ?
    ပြောပြပေးပါခမျ။

  2. Aeri Myat (verified owner)

    ဒီနေ့တော့ “ငရဲဆိုချိုနဲ့လားဗျို့”
    ဆိုတဲ့ စာအုပ်လေးကို အဆုံးထိ
    ဖတ်ပြီးသွားပါပြီ။

    စာရေးသူ ဦးနုရဲ့ ရည်ရွယ်ချက်က
    ငါးပါးသီလလုံခြုံဖို့၊ မကောင်းမှု ဒုစရိုက်တွေ လုပ်နေမိပါစေအုံး….
    အကြောက်တရား၊ အသိတရားဝင်ပြီး အချိန်မှီ ပြုပြင်ပြောင်းလဲနိုင်စေဖို့ ရည်သန်တယ်လို့ အညွှန်းမှာ ဆိုထားပါတယ်။

    ဇာတ်လမ်းအကျဥ်းကို ပြောပြရမယ်ဆိုရင် “မိုးအောင်”ဆိုတဲ့ ကလေးက
    ငယ်ငယ်တည်းက တအားကို ဆိုးသွမ်းတယ်။ ပုံမှန်ကလေးတွေ ဆိုးသလို ဆိုးတာမျိုး မဟုတ်ဘဲ သူတစ်ပါး အသက်ကို
    သတ်ရမှာ ဝန်မလေးသလို….
    လူမသတ်ရရင်၊ သူတပါး သားမယားကို
    ပစ်မှားမစော်ကားရရင် မနေနိုင်လို့
    ကြက်ကလေး ငှက်ကလေးတွေကို
    သတ်ဖြတ်နေတတ်တဲ့ သူမျိုးပေါ့။

    ဖတ်နေရင်း အတော်လေး ကြက်သီးထ
    စရာ၊ စက်ဆုပ်စရာ ကောင်းလွန်းလို့
    ရင်မောရ သက်ပြင်း အကြိမ်ကြိမ်
    ချမိရတယ်။

    ဘုရား၊တရား၊သံဃာကို မယုံကြည်၊
    ကံ ကံ၏အကျိုးကိုလည်း မယုံကြည်
    ဘဲ၊ မကောင်းမှု မှန်သမျှ လုပ်ဖို့ကိုသာ
    စိတ်ဆောင်နေတဲ့သူ….။

    ဒီလို လူမျိုးတော့ သေရင်
    ငရဲသွားရမှာပဲ မကောင်းတဲ့နေရာရောက်မှာပဲဆိုပြီး တွေးမိပေမဲ့….

    မိုးအောင်ရဲ့ အဘိုးတော်စပ်သူ
    ဆရာတော် စန္ဒေါဘာသက လက်မလျော့ဘဲ၊ တရားကို မြင်အောင် ဟောပြောပေးခဲ့တဲ့အတွက်ကြောင့်သာ အမှားသံသရာထဲက ရုန်းထွက်နိုင်ခဲ့ပါတယ်။

    သုတ်တော်တွေ၊ ဘုရားရှင်လက်ထက်ကသာဓကတွေနဲ့ ရှင်းလင်းပြောပြထားလို့
    နားလည်လွယ်ပါတယ်။

    ဘုရားစာတွေပါလို့ ပျင်းတယ်၊
    ဒါတွေကို ကျော်ဖတ်လိုက်မယ်လို့
    မတွေးစေချင်ပါဘူး။

    အစပိုင်းမှာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ
    အခြေခံ သဘောတရားတွေကို
    ရှင်းလင်း ပြောပြထားပြီး၊
    စာအုပ်တဝက်လောက်မှာတော့
    ဇာတ်လမ်းပြောပြရင်း အထက်ပါ
    အကြောင်းအရာတွေကို ရှင်းလင်းအောင်
    ရေးဖွဲ့ထားပါတယ်။

    အဆုံးသတ်ကတော့ နိဗ္ဗာန်ရောက်တဲ့ထိ
    ကြိုးစားအားထုတ်ကြဖို့၊ တိုက်တွန်းရေးသားထားတာ တွေ့ရပါတယ်။

    အပြောလွယ်သလောက် အလုပ်ခက်ပေမဲ့
    ဒီဝိပသနာတရားတွေဟာ ကိုယ်ကျင့်ကြံ
    အားထုတ်နိုင်ရင် အားထုတ်နိုင်သလောက်၊ တကယ့်အေးချမ်းမှု
    အစစ်ကို ရနိုင်မှာ ဖြစ်တဲ့အတွက်
    ကြိုးစား အားထုတ်နိုင်ကြဖို့ရာ
    မျှော်လင့်မိပါတယ်။

    ဒီစာအုပ်လေးကိုလည်း
    ဖတ်ကြည့်စေချင်ပါတယ်။

    မကောင်းတာကို မကောင်းဘူးလို့ သိပြီး
    ရှောင်ကြဥ်မိသွားရင် အနည်းဆုံးတော့
    ကုသိုလ်စိတ် ဖြစ်စေမယ်ထင်ပါတယ်။

    အတ္တစိတ်ကို အခြေခံတဲ့ အမိုက်မှောင်
    ကာလတွေကနေ ကျွန်မတို့ အားလုံး
    အမြန်ဆုံး လွတ်မြောက်ကြရပါစေလို့
    ဆုတောင်းရင်း….။🙏🙏🙏

  3. Austin

    ဝတ္ထုက ကောင်းတယ်လို့ ထင်ပေမယ့် ရေးတဲ့ ဇာတ်လမ်းတွေကို ရှည်ရှည်ဝေးဝေး မကြိုက်လို့ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ ဗဟုသုတ တစ်ခုခု ရနိုင်တဲ့ အပိုင်းတွေကိုပဲ ဖတ်ကြည့်တာပါ၊

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဦးနု စာအုပ်များ