
ကာမတဏှာ
17000 (ကျပ်)
ကာမတဏှာစာအုပ်ဟာ ရိုးရိုးဝတ္ထုမဟုတ်ပဲ စာရေးဆရာကြီးဦးနုက သူ့သားသမီးတွေကို ပုံပြောပြသလို ရှင်းကနဲ လင်းကနဲဖြစ်အောင် ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဖတ်ရတာ လွယ်ပြီး … ဖတ်ပြီးရင်လည်း အချစ်နဲ့ ဒုက္ခနဲ့ ဆက်စပ်ပုံကို သဘောက်ပေါက် နားလည်စေမှာ ဖြစ်ပါတယ်။
| စာမျက်နှာ | 377 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2026 မတ်လ (ပဉ္စမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 3.9.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 17000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
21 in stock





မောင်ဇင်မျိုးဦး –
လက်ဆောင်ပေးရန်နှင့် ကိုယ်တိုင်ဖတ်ရှုရန်
Tin Zar Hlaing –
တခါဖတ်ပြီးရင် ထပ်ထပ်ပြီးဖတ်စေချင်သော စာအုပ်လေးဖြစ်ပါတယ်။ ဗဟုသုတ အစုံပေးသော စာအုပ်လေးဖြစ်ပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။
yeminhtun –
ခင်မေတို့မိသားစု ဘဝကိုဖြတ်သန်းခဲ့ရတာ အရမ်မိုက်တယ်။
ဆရာဦးနုရဲ့လက်ရာလေးခံစားရပါတယ်။လူတိုင်းဖတ်သင့်ပါတယ်။
Hnin Thandar Oo (verified owner) –
မခင်မေရဲ့ စိတ်ထားသိမ်မွေ့ပုံ၊ ဘာသာတရား ကိုင်းရှိုင်း၍ ရိုးသားပြီး ကြိုးစားပုံ၊ ခင်ပွန်း နှင့်သားကို တရားဟောပုံတွေမှာ မှတ်သားစရာတွေ၊ လိုက်နာကျင့်သုံးစရာတွေ အများကြီးပါပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လောကုတ္တရာရေးတွေပါ အဖက်ဖက်ကပညာပေးတဲ့ စာအုပ် တစ်အုပ်ပါ။ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ ဟု လမ်းညွှန်ချင်ပါတယ်။
#Hnin Thandar