မွှေး

( 1 မှတ်ချက်)

7800 (ကျပ်)

ကလောင်ကို လိုရာရာ စေညွှန် အနိုင်ယူနိုင်သူ လို့ ညွှန်းဆိုခံရသူ စာရေးဆရာမကြီး ခင်နှင်းယု ရဲ့အနုပညာမြောက်လက်ရာများစွာထဲကမှ ဂန္ထဝင်မြောက်တဲ့ ” မွှေး ”

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မဒရပ်နယ်၊ မဒနာပလီမြို့အနီးက အဆုတ်နာရောဂါသည် အနားယူစခန်းမှာ ပြန်လည်ဆုံတွေကြတဲ့ ဒေါက်တာမိုးကောင်းနဲ့ မွှေး … ။

တစ်ချိန်က ဝါးခယ်မမြို့ပြင် သော်ကရွာ နဲ့ ရွာသစ်ကြား အိမ်နှစ်လုံးက အတွတ် (ခ) ဒေါက်တာမိုးကောင်း နဲ့ မွှေး … ။

အတွတ် ၊ မွှေး ၊ ကိုကိုနိုင် တို့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း။

“စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးလိုပါလည်း၊ ကုသိုလ်ကြမ္မာ မမီပါခဲ့”

ရှင်တေဇောသာရရဲ့ ကဗျာတစ်ပုဒ်ထဲကလို … ။

ခု မျက်မှောက်ကာလမှာ အဆုတ်နာရောဂါ တီဘီကိုနိုင်နိုင်နင်းနင်းကုသနိုင်တဲ့ ခေတ်မီဆေးဝါးတွေရှိလာပေမဲ့ မွှေးတို့ခေတ်မှာတော့ တီဘီဟာ အသက်ကိုပေးကြရတဲ့ထိ ကြောက်စရာရောဂါပါပဲ။

ဒီရောဂါရဲ့ကြောက်စရာကောင်းပုံနဲ့ လူ့လောကသဘာဝဖြစ်တတ်ပုံတွေ ၊ မိန်းမတစ်ယောက်ရဲ့အားမာန် စတာတွေကို ဂန္ထဝင်မြောက်အောင် ရေးဖွဲ့ထားတဲ့ ဆရာမကြီးရဲ့လက်ရာ။

စာမျက်နှာ

232

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 အောက်တိုဘာလ ( စုဒ္ဒသမအကြိမ် )

23 in stock

မွှေး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. မလေး

    အိမ်တိုင်းရှိသင့်စာအုပ်၊ မဖြစ်မနေဝယ်ထားသင့်သည့်စာအုပ်လို့ပြောချင်ပါတယ်။ သိပ်ကို အဖိုးတန်တဲ့စာအုပ်ပါ။ ဒီဘက်ခေတ်တွေ့ရခဲ့သော ချစ်ခြင်းမေတ္တာ၏ ခမ်းနားမှု၊ လှပမှုတွေကို ခံစားနိုင်မည့်အပြင်သမုဒယ နှောင်ကြိုးတွေရစ်ပတ်လာခဲ့လျှင် တရားဘာဝနာဖြင့်သာရုန်းထွက်နိုင်ပြီးသံသရာကူးရာတရားကိုပါပြောပြထားသည့်အတွက် ချစ်ခြင်း၏ ခမ်းနားမှု၊ လှပမှု နှင့်အတူ ရှင်ကွဲ၊ သေကွဲကြောင့် ဖြစ်ပေါ်လာသောချစ်ခြင်း၏ပူလောင်မှုကို ငြိမ်းအေးစေရာတရားဘာဝနာ၊ တရားအသိ၊ဓမ္မအသိ၊ သိပ်ကို ဗဟုသုတရသလို လူတိုင်းဖတ်သင့်တဲ့စာအုပ်လို့ပဲ ပြောချင်ပါတယ်ရှင်။ Highly Recommended ပါ ?

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခင်နှင်းယု စာအုပ်များ