ကုသိုလ်ကြမ္မာ မမီပါခဲ့

( 0 မှတ်ချက်)

6500 (ကျပ်)

ထိုမြစ်ကြောင်းတစ်ကွေ့တွင်
အတွတ်နှင့်မွှေးတို့ တွေ့ခဲ့ကြ၏။
မြစ်ရေလျဉ်စီးသလို ဘဝဆိုသည်က ရပ်တည်မနေဘဲ
ရေကြောင်းပြောင်းခဲ့သည်မှာ
ကာလကြာပါပကော။
အတွတ်ကတော့မူ ဘယ်တော့မှ မမေ့။
မြစ်ရေလျင်သည် ပင်လယ်သို့ စီးဆင်း၍
အစပျောက်ဆုံးတော့ သူသည် ဗွေအဏ္ဏဝါဝယ်
ပြီးခဲ့သော ပုံပြင်အစကို လိုက်၍ ရှာဦးမည်။
ပြန်လည်တွေ့ဆုံနိုးနှင့် ဤအဏ္ဏဝါတစ်ဖက်တွင်
စောင့်နေဦးမည်သာ ဖြစ်သည်။

“ကုသိုလ်ကြမ္မာ မမီပါခဲ့” က ဆရာမကြီး ခင်နှင်းယုရဲ့ ဂန္ထဝင်ဝတ္ထုကြီး မွှေး ရဲ့ အဆက် အဖြစ် ခံစားနိုင်သလို သူ့ချည်း တစ်အုပ်တည်းလဲ ဖတ်ရှုနိုင်သော ဝတ္ထုတစ်အုပ်ဖြစ်ပါတယ်။ ရိုးရှင်းစွာ ဆိုရရင်တော့ မွှေး ၊ ကုသိုလ်ကြမ္မာ မမီပါခဲ့ ၊ အတွတ်ရေ ၊ ကျွန်တော်တင်အောင်ထွန်း ၄ အုပ်ဟာ တစ်အုပ်နဲ့ တစ်အုပ် ဇာတ်လမ်း တစ်ဆက်တည်းတော့ မဟုတ်ပါဘူး။ ဇာတ်ကောင်များ တူညီမှုရှိခြင်း၊ အချိန်ကာလ ဆက်စပ်နေခြင်းတို့ကြောင့် အတွဲသဘောမျိူးကဲ့သို့ ရှိနေပါတယ်။ ဒါပေမဲ့ သတိပြုစရာ ရှိတာက ဆရာမကြီး ခင်နှင်းယုဟာ ဒီစာအုပ်တွေကို အဆက်တွေပါလို့ မသတ်မှတ်ခဲ့ပါဘူး။ စာအုပ်တွေ တစ်အုပ်ချင်းစီရဲ့ အဆုံးမှာ ဆက်ရန် လို့ မသုံးခဲ့တာကို သတိထားမိကြမှာပါ။ ဒီအတွက် မွှေး ၊ ကုသိုလ်ကြမ္မာ မမီပါခဲ့ ၊ အတွတ်ရေ ၊ ကျွန်တော်တင်အောင်ထွန်း ၄ အုပ်က အဆက်လို့ ယူဆပြီး ဖတ်ရင် ရသလို တစ်အုပ်ချင်း ဖတ်ရင်လဲ သူ့စာအုပ်နှင့် သူ့ရသမြောက်နေတာချည်း ဖြစ်ပါတယ်။

‘ကုသိုလ်ကြမ္မာ မမီပါခဲ့’ မှာ မွှေးနဲ့ လွဲခဲ့ရသူ အတွတ်ရဲ့ ဇာတ်လမ်းကို စာချစ်သူတို့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မွှေးကို ချစ်လွန်းခဲ့ပေမဲ့ နောက်ကျသူ တစ်ယောက် ကလေးတစ်ယောက်ကို မွေးစားပြီး ဘဝကို ဖြတ်သန်းပုံ၊ အဲ့ဒီခေတ်ကာလတုန်းက တီဘီရောဂါဆိုးကြီးကို ဘယ်ပုံဘယ်နည်း ကာကွယ်ကုသဖို့ ကြိုးပမ်းကြပုံတို့ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

စာမျက်နှာ

200

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဒီဇင်ဘာလ (ပဉ္စမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကုသိုလ်ကြမ္မာ မမီပါခဲ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခင်နှင်းယု စာအုပ်များ