မှန်နန်းရာဇဝင်တော်ကြီး
55000 (ကျပ်)
မှန်နန်း မဟာရာဇဝင်တော်ကြီးရေးသားရန် ဘကြီးတော်ဘုရားသည် ဆရာတော် သံဃာတော်များ ပါဝင်သည့် ပညာရှိများဖြင့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေပြီး တာဝန်ပေးကာ ရေးသားစေခြင်းဖြစ်ပါတယ်။ တိုင်ပြည်အုပ်ချုပ်နေသည့် မင်းတစ်ပါးက အဖွဲ့တစ်ဖွဲ့ဖြင့် မြန်မာရာဇဝင်ကို ပြန်လည် ပြုစုရန် အတွေးပေါက်ပြီး တာဝန်ပေးခဲ့ခြင်းမှာအလွန် အမြင်ကျယ်သော တာဝန်ပေးမှုဖြစ်သည်။ ရေးသားပြုစုရာတွင်လည်း ယခင်ရှိနှင့်ပြီး ရာဇဝင်များကို ဆန်းစစ်ဝေဖန်ကာ လက်ခံခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်အသစ် ရေးထိုးခြင်းတို့ဖြင့် ပြုစုခဲ့ကြောင်း တွေ့ရသည်။ ပထမအဖွဲ့ မပြီးပြတ်သော အပိုင်းများကို ဆက်လက်ရေးသားရန် မင်းတုန်းမင်းလက်ထက်တွင်လည်း ထပ်မံ၍ သမိုင်းပြုစုရေးအဖွဲ့ ဖွဲ့စည်းရေးသား စေပြန်သေးသည်။ သီပေါမင်းလက်ထက်တွင်လည်း အဖွဲ့တစ်ဖွဲ့ ထပ်မံဖွဲ့စည်း ရေးသားစေသော်လည်း ပြည်ရွာအရေး ရှုပ်ထွေးနေသဖြင့် ကျယ်ကျယ်ပြန့်ပြန့် မရေးသားနိုင်ဘဲ အစပျိုးရုံမျှဖြင့် နိဂုံးချုပ်သွားရသည်။ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံသမိုင်းကို ရေးသားပြုစုလျှင် ရှိနှင့်ပြီးသော ရာဇဝင်ကျမ်းများကိုသာ အခြေခံလက်ရင်းထားပြီး ယနေ့တိုင်ရေးသားနေဆဲ ဖြစ်သည်။
မည်သည့်မင်းတို့လက်ထက်တွင် မည်သည့်အကြောင်းများကြောင့် ပြည်ရွာစည်ပင် ၀ပြောသာယာရသည်ဆိုသည့်အကြောင်း။ မည်သည့်မင်းတို့လက်ထက်တွင် မည်သည့် အကြောင်းအရာများကြောင့် ပြည်ရွာ ဆွံ့ရှားငတ်မွတ်ရသည် ဆိုသည့်အကြောင်း ။ သမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သော အင်အားယှဉ်ပြိုင်ပွဲများမှ သူရဲကောင်းများ၏ စိတ်ဓာတ်ကြံ့ခိုင် ရဲရင့်ပုံများအကြောင်းတို့ကိုလည်း လေ့လာ ဖတ်ရှုရမှာ ဖြစ်ပါသည်။
| စာမျက်နှာ | 936 |
|---|---|
| စာအုပ်အရွယ်အစား | 7.8 x 1.8 x 10.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2017 နိုဝင်ဘာလ |
| စျေးနှုန်းအပြောင်းအလဲ | 3.1.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 38000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock





Thu Ya Soe (verified owner) –
မြန်မာ လူမျိူးများ ဖတ်သင့်သော စာအုပ်တစ်အုပ် ပါ
BENJAMIN WIN –
တကယ်ဖတ်သင့်တဲ့စာအုပ်ကောင်းပါ ?
MinKoTun –
စာအုပ်ပျက်လက်နေပါတယ်/ဖတ်ခြင်ပါသေးတယ်/ကျေးဇူးတင်ပါတယ်ခင်ဗျ/
အမည်မသိ –
သမိုင်းလေ့လာသူများ ဝယ်ဖတ်သင့်ပါသည်
Ko Nay Lin Tun –
ဒီစာအုပ်လေးပြန်လည်ထုတ်ဝေပေးစေလိုပါတယ်