ရင်နင့်အောင်မွှေး

( 2 မှတ်ချက်)

12000 (ကျပ်)

၀တ္ထုဇာတ်လမ်းနှင့် ရည်ရွယ်ချက်ကို ကျွန်မပထမစဉ်းစားရသည်။ ကျွန်မ၏အာရုံ၌ အမျိုးသမီးများအတွက် အကျိုးပြုစေမည့် ဇာတ်လမ်းတစ်ပုဒ်ရေးရန် အကြမ်းအားဖြင့် အတွေးပေါ်လာသည်။ မြန်မာအမျိုးသမီးလေးတစ်ဦး၏ ကောင်းမြတ်သော အရည်အသွေးဖြစ်သည့် မိန်းမပီသမှုကို မြန်မာ့ယဉ်ကျေးမှု၊ မျိုးရိုးစဉ်လာ၊ ဓလေ့ထုံးစံ၊ စည်းကမ်း စသည်များဖြင့် စပ်ဖျော်၍ ပုံစံလောင်းကာ ရုပ်လုံးဖော်ပြရန် စိတ်ကူးရရှိသည်။ မြန်မာအမျိုးသမီးကလေးတစ်ဦး ဖြစ်လာလျှင် လောကီရေးရာနှင့် ကြည့်သော်လည်းကောင်း၊ လောကုတ္တရာရေးရာနှင့် ကြည်လျှင်သော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့်ကြည့်လျှင်သော်လည်းကောင်း လိုက်နာကျင့်သုံး မှတ်ယူပြုမူရမည့် အချက်အလက်တို့မှာ များမြောင်လှရကား ယင်းအချက်အလက်များထဲမှ အခြေခံဖြစ်သော ရတနာသုံးပါး ကြည်ညိုသူ၊ အနန္တော အနန္တဂိုဏ်းဝင် မိဘ၏ ဂုဏ်ကျေးဇူးကို သိတတ်၍ မိဘကိုရိုသေလေးစားသူ၊ ကုသိုလ်ကောင်းမှုတို့၌ အလွန်မွေ့လျော်တတ်သူ၊ ဖြောင့်မတ်တည်ကြည်သော စိတ်နှလုံးရှိသူ၊ လုံ့လဝီရိယ ဇွဲရှိသူ၊ နူးညံ့သိမ်မွေ့သူ၊ ပညာရှိသူ၊ ယဉ်ကျေးလိမ္မာသူ၊ မိန်းမပီသသူ စသည်စသည် အချက်များဖြင့် ပုံလောင်း၍ ရုပ်လုံးထုရာ၌ ၀တ္ထုထဲ၌သာရှိသော သဘာ၀ကျနသည့် ဇာတ်ကောင်ကလေး ဖြစ်စေရန် အားထုတ်ဖို့ ကြိုးစားရမည်ဖြစ်နေသည်။

ရင်နင့်အောင်မွှေး ၀တ္ထုမှ ဇာတ်ကောင်တစ်ယောက်အား ပုံဖော်ရာတွင် စာရေးသူ၏အတွေးကို ထုတ်နှုတ်ဖော်ပြချက်

စာမျက်နှာ

616

စာအုပ်အရွယ်အစား

5.2 x 1.0 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2023 ဧပြီလ၊ (ဧကဒသမ-ကြိမ်)

8 in stock

ရင်နင့်အောင်မွှေး အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Wuthmone Phyu

    ကျွန်မအကြိုက်ဆုံးစာအုပ်ပါ..
    ပြီးသွားတာ နှမြောလိုက်တာ …
    လောကမှာ မေတ္တာ ရဲ့ အကျိူ း …ဘယ်လောက်ကြီးမားတယ်…အေးမြတယ်…ဆိုတာ မြန်မာမလေး “မော်” ရဲ့ ကောင်းမြတ်တဲ့အရည် အသွေးတွေထဲက တခုအဖြစ် သိလိုက်ရတယ်……။
    သိပ်အဖိုးတန်တာပါပဲ……။

  2. Phoo Ngone

    ကျွန်မအမြင်ကို ပြောရရင်စာအုပ်အစပိုင်းတော့နည်းနည်းလေးပျင်းဖို့ကောင်းခဲ့ပေမဲ့ နောက်ပိုင်းဝတ္ထုကိုနားလည်သွားရင်တော့ စာအုပ်ကိုလက်ကနေမချချင်တော့ဘဲ ထမင်းမစားရေမသောက်ရရင်နေပါစေ စာအုပ်ပဲဆက်ဖတ်ပါရစေဆိုတဲ့စိတ်တေပဲဖြစ်လာပါတယ် ဒီစာအုပ်ကနေ မြန်မာအမျိုးသမီးကောင်းလေး”မော်”ရဲ့ယဉ်ကျေးသိမ်မွေ့ပြီးမိန်းမကောင်းပီသမှု၊ကိုမြင့်ထူးရဲ့ ယောက်ကျားကောင်းပီသပြီး ကိုချစ်တဲ့အမျိုးသမီး မော့်အပေါ်ထားတဲ့မေတ္တာတရားတေကိုလည်း လေးစားခဲ့ရပါတယ်။မော့်လို မိဘပေါ်သိတတ်မှု၊ယဉ်ကျေးသိမ်မွေ့မှုတို့ ကိုအားကျရသလို တစ်ဖက်မာလည်း အစိုးရဲ့ အနေထိုင်အပြောဆို အပြုမူတေကို သတိထားရှောင်ရှားသင့်တာကိုလည်း သင်ခန်းစာရခဲ့ပါတယ်။ဒီစာအုပ်ဟာ ဆရာမ ဂျာနယ်ကျော်မမလေးရဲ့ ဆန္ဒတိုင်း မိန်းကလေးတေအတွက် အကျိုးရှိတဲ့စာအုပ်တစ်အုပ်ဖြစ်ကြောင်း စာဖတ်သူတစ်ဦးအနေနဲ့ဝိုင်းဝန်းထောက်ခံလိုပါတယ်ရှင်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဂျာနယ်ကျော်မမလေး စာအုပ်များ