သွေးဆုံးချိန်ခါ မေး-ဖြေ ၁၀၀

( 0 မှတ်ချက်)

5000 (ကျပ်)

အမျိုးသမီးတိုင်း ရှောင်လွှဲလို့မရတဲ့ သဘာဝဖြစ်စဉ်ထဲမှာ သွေးဆုံးခြင်းဆိုတာ ဘဝရဲ့အပြောင်းအလဲကာလတစ်ခု ဖြစ်ပါတယ်။ သွေးဆုံးတယ်ဆိုတာ ဘာလဲ၊ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးစအချိန်တွေမှာ ခံစားရမယ့် ကျန်းမာရေးပြဿနာက ဘာတွေလဲ၊ ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲဆိုတဲ့ သွေးဆုံးခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိသင့်ပါတယ်။

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုးရောဂါ၊ သားအိမ်မှာ အသားလုံးတာ်တဲ့ရောဂါ စတဲ့ ရောဂါလက္ခဏာတွေကို သွေးဆုံးကိုင်လို့ခံစားရတဲ့ ဝေဒနာတွေပါဆိုပြီး အထင်ရောက်နေသူတွေ အမှန်ကိုသိမြင်ဖို့အတွက် ဒီစာအုပ်က အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။

ဒါ့အပြင် သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျတာတွေ၊ စိတ်အားငယ်တာတွေ၊ သွေးဆုံးချိန်ခံစားရတဲ့ ဝေဒနာတွေကြောင့် ဒီလိုမျိုး တစ်သက်လုံးဖြစ်တေတော့မှာလားဆိုပြီး စိုးရိမ်ပူပန်နေသူတွေဟာလည်း ဒီစာအုပ်ဖတ်ပြီးတဲ့အခါမှာ ဒါတွေဟာ အခိုက်အတန့်သာဖြစ်ပြီး နောက်ဆို ဘာမှမဟုတ်တော့ပါလားဆိုပြီး ဆက်နွှယ်နေတဲ့အခြားရောဂါ ဝေဒနာတွေရဲ့ သဘောသဘာဝ၊ လက္ခဏာတွေကိုလည်း ဖော်ပြထားပါတယ်။

သွေးဆုံးချိန်ဆိုတာ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ အချက်ပြတဲ့ တွန်းအားပေးမှုတစ်ခုပါ။ ဒီနေ့ခေတ် အမျိုးသမီးအများစုက စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာပါဝင်လှုပ်ရှားနေကြရတာမို့ သဘာဝအလျောက် မရှောင်သာတဲ့ သွေးဆုံးကိုင်ခြင်းကို ရောဂါတစ်ခုကြုံတွေ့တော့မှာလို ကြိုတင်တွေးပြီး စိုးရိမ်မနေကြဘဲ အလိုက်သင့် ပြုပြင်ပြောင်းလဲပေးရင်း ကျော်လွှားနိုင်ကြစေဖို့ တွန်းအားပေးတဲ့အနေနဲ့ ယခုစာအုပ်ကို ရေးသားထားခြင်းဖြစ်ပါတယ်။

စာမျက်နှာ

330(Woodfree Paper)

စာအုပ်အရွယ်အစား

6 x 0.6 x 8.9 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2009 ဇူလိုင်လ၊ (ပ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သွေးဆုံးချိန်ခါ မေး-ဖြေ ၁၀၀” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာမာမာဆွေ စာအုပ်များ