သားအိမ်ခေါင်းကင်ဆာ မေး-ဖြေ ၁၀၀

( 0 မှတ်ချက်)

3000 (ကျပ်)

အမျိုးသမီးတွေ အဖြစ်များလေ့ရှိတဲ့ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အများအားဖြင့် အသက် ၁၈ နှစ်နဲ့အထက် အိမ်ထောင်ရှိသူအမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာက ကင်ဆာအဆင့်မရောက်ခင်မှာကတည်းက ရှာဖွေစစ်ဆေးကြည့်လို့ရသလို သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီဆိုရင်လည်း ရောဂါကို ရှာဖွေတွေ့ရှိနိုင်တဲ့အတွက် ခွဲစိတ်ကုသမယ်ဆိုရင် အချိန်မီပါတယ်။ မခွဲစိတ်ချင်သူတွေအတွက်လည်း အခြားသောကုသနည်းတွေ ရှိနေပါသေးတယ်။

ဒါပေမယ့် ရောဂါကုတာနောက်ကျမယ်ဆိုရင်တော့ ရောဂါပိုမိုပြင်းထန်လာပြီး လူနာကို အသက်တိုစေနိုင်ပါတယ်။ ရောဂါတိုးနေတုန်းခွဲစိတ်ရင်လည်း အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာက ကြောက်စရာကောင်းတဲ့ရောဂါဆိုပေမယ့် အချို့သူတွေက အသက်ရှင်နေထိုင်နိုင်ကြကြပြီဖြစ်သလို အချို့ဆို ရောဂါလုံးဝပျောက်ကင်းသွားကြပါပြီ။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာတွေကို ကြွယ်ဝစွာသိနေဖို့ လိုပါတယ်။ ဒီစာအုပ်မှာ အမျိုးသမီးတိုင်း သိသင့်သိထိုက်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်းကို ပြည့်စုံအောင် ဖော်ပြထားတဲ့အတွက် စောစီးစွာ ရောဂါရှာဖွေနိုင်အောင်၊ မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင် အစီအစဉ်လေးတွေ ထားနိုင်လာစေပါတယ်။

သားအိမ်ခေါင်းကင်ဆာမဖြစ်မီ ကာကွယ်ဖို့နည်းလမ်းကောင်းတွေ၊ သားအိမ်ခေါင်းကင်ဆာဖြစ်နေစဉ်ကုသနည်းတွေနဲ့ ရောဂါကုသပြီးတဲ့အခြေအနေတွေမှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်သင့်တဲ့ အကြောင်းအရောတွေအပြင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပြီးနောက် ရင်သွေးမွေးဖွားလိုတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ အခြားမျိုးပွားခြင်းဆိုင်ရာ ကင်ဆာရောဂါတွေရဲ့  ဖြစ်လေ့ရှိတဲ့အခြေအနေတွေကိုပါ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတိုင်း ဆေးတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ကိုယ်တိုင်နားလည်သိရှိလာပြီး ကျန်းမားရေးနဲ့ ညီညွတ်တဲ့နည်းလမ်းကို ရွေးချယ်နိုင်စေရန် ရည်ရွယ်ထားလို့ ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

109(Woodfree Paper)

စာအုပ်အရွယ်အစား

6 x 0.3 x 8.9 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2010 နိုဝင်ဘာလ၊ (ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သားအိမ်ခေါင်းကင်ဆာ မေး-ဖြေ ၁၀၀” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာမာမာဆွေ စာအုပ်များ