လူကလေးဖတ်ဖို့ပုံပြင်

( 0 မှတ်ချက်)

4000 (ကျပ်)

🧒 စာအုပ်ကလေးထဲမှာ လူကလေးဖတ်ဖို့အတွက် ချစ်စရာကောင်းတဲ့ စကားပြေကဗျာလေးတွေ အပုဒ် ၅၀ ပါဝင်ပြီး  ကျောင်းစာကြည့်တိုက် နဲ့ အိမ်တွင်းစာကြည့်တိုက် ၊ ကလေးကို စာဖတ်စေချင်တဲ့သူတွေ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

🧒 လူကလေးရေ
ပူပြင်းတဲ့ နွေရာသီမှာ
ရေပိုက်ခေါင်းက တစ်စက်ချင်း
ရေကျနေပုံကို ကြည့်ပါ

တစ်စက်ချင်းကျနေတဲ့ ရေစက်ဟာ
ရေကန်ကို ပြည့်စေခဲ့ပုံက အချိန်နဲ့အမျှ

မေမေ နိုးထလာချိန်မှာ
ကန်ဟာ ရေပြည့်နေပါပြီ

တစ်စက် တစ်စက်
စဉ်ဆက်မပြတ်
ကျဆင်းအပ်သောအခါ
ရေကန်လဲပြည့်ရတာပဲ မဟုတ်လား

နားထောင် လူကလေး
ဖြေးဖြေးဖြတ်သန်း ခြေတစ်လှမ်းကနေ
ခြေလှမ်းများစွာ လျှောက်ဖန်များပါက
လိုရာခရီးကို ရောက်ရတာပဲလေ

လူကလေးရေ
မင်းရဲ့ ခြေတစ်လှမ်း
အခုပဲ လှမ်းလိုက်ပါ
ဆက်ဆက်ယုံကြည်စွာ ။

စာမျက်နှာ

72 (Woodfree Paper)

စာအုပ်အရွယ်အစား

5.2× 0.1 ×7.5 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ ဧပြီလ ၊ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူကလေးဖတ်ဖို့ပုံပြင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နေမျိုး စာအုပ်များ