ဒဿနပညာရှင် ရောက်ရှိခြင်း
6000 (ကျပ်)
စာဖတ်ခြင်းကို အများကြီး အာရုံစိုက်ဖို့မလိုဘဲ အနည်းငယ်မျှသော စာသားများသာ ဖတ်ရှုရအောင် ကြံဆထားပါတယ် ..
စာတစ်ပုဒ်ကို အနည်းဆုံး ပမာဏနဲ့ ဖော်ပြနိုင်အောင် ကြိုးစားခဲ့ပါတယ် …
ဘယ်လောက်နည်းနည်းလဲဆိုရင် စာတစ်ပုဒ် ၊ ကဗျာတစ်ပုဒ်ဟာ စာကြောင်းတစ်ကြောင်းမျှသာ။ နှစ်ကြောင်းမျှသာ …
စာကြောင်းအနည်းငယ်ကို ဖတ်ရှူပြီး အလဟဿမဖြစ်ဘဲ စာဖတ်သူရဲ့အသိဉာဏ် ဘဏ္ဍာတိုက်ထဲက ဒင်္ဂါးပြားတွေကို တချွမ်ချွမ်မြည်အောင် ရေတွက်နေသလို တစိမ့်စိမ့် စဉ်းစားပြီး ကျေကျေနပ်နပ် ခံစားရနိုင်အောင်လဲ အားထုတ်ထားပါတယ် …
ဒီလိုစာအုပ်မျိုးကို ရေးသားမိဖို့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ကတည်းက စိတ်ကူးခဲ့တာပါ …
အထူးသဖြင့် စာဖတ်ခြင်းကို ငြီးငွေ့တတ်သူတွေအတွက် အဆင်ပြေအောင် ကြိုးစားကြည့်တာပါ …
(စာရေးသူအမှာစာမှ ကောက်နှုတ်ဖော်ပြချက်)
| စာမျက်နှာ | 104 |
|---|---|
| စာအုပ်အရွယ်အစား | 5.2× 0.2×7.5 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်၊ 2024 စက်တင်ဘာလ (ပထမအကြိမ်) |
13 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ