လမ်းခွဲတာဝမ်းနည်းစရာလား

( 1 မှတ်ချက်)

12000 (ကျပ်)

ယခုစာအုပ်ဟာ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ တရားတော်တွေကို စာအုပ်အဖြစ်ပြန်လည်ရေးသားထားတဲ့ စာအုပ်များထဲမှ တစ်အုပ်ဖြစ်ပါတယ်။

 

လောကရဲ့ သဘာဝကိုက အစရှိရင် အဆုံးရှိတတ်တဲ့အတွက်ကြောင့် ပေါင်းဆုံခြင်းဆိုတာရှိရင် လမ်းခွဲခြင်းဆိုတာလညည်း ရှိတတ်စမြဲပဲ။ ဘဝမှာ ဘယ်သူနဲ့ ဘာအကြောင်းကြောင့်ပဲ လမ်းခွဲရ လမ်းခွဲရ၊ ဘယ်လိုလမ်းခွဲခြင်းနဲ့ပဲ ကြုံကြုံ မတုန်လှုပ်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရရှိစေဖို့ ဒီစာအုပ်ကရည်ရွယ်ပါတယ်။ လမ်းခွဲခြင်းနဲ့ ကင်းတဲ့ လူသားရယ်လို့  တစ်ဦးတစ်ယောက်မှ မရရှိတဲ့အတွက် ဒီတရားတော်က သောကမီးတောက်လောင်နေသူရဲ့ ရင်တွင်းအပူကို ငြိမ်းအေးသွားစေနိုင်ပါတယ်။

စာမျက်နှာ

180

စာအုပ်အရွယ်အစား

4.7x 0.4 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ရွှေပါရမီ 2017 နိုဝင်ဘာလ (န၀မအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

7.4.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock

လမ်းခွဲတာဝမ်းနည်းစရာလား အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Swan Arr Kyaw Zan –

    များသောအားဖြင့် လမ်းခွဲတာနဲ့ ပတ်သက်လို့
    Motivational စာစုတွေ၊ သတိပေးစာစုတွေကို စာအုပ်တွေမှာရော၊ Social Media မှာပါ ရေးလာကြတာတွေ မကြာခဏတွေ့နေရတယ်။ (အထူးသဖြင့် လူငယ်တွေ ရေးလာကြတာများလာတယ်။)

    အခြေအနေတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် …..၊
    ကံကြောင့်ပဲ ဖြစ်ဖြစ် …..၊
    အချိန်တန်တာပဲ ဖြစ်ဖြစ် …..၊
    ရေစက်ကုန်တာပဲ ဖြစ်ဖြစ် …..၊
    ဘာကြောင့်ပဲ ဖြစ်ဖြစ် …..
    လမ်းခွဲရတာ၊ ခွဲခွာနှုတ်ဆက်ရတာ၊ လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်လို့ ခံနိုင်ရည်ရှိဖို့၊ စိတ်နေစိတ်ထားတတ်ဖို့အတွက် “လမ်းခွဲတာ ဝမ်းနည်းစရာလား” တရားတော်က ရည်ရွယ်ပါတယ်။

    လမ်းခွဲတယ်ဆိုတာ ချစ်သူရည်စားတွေ လမ်းခွဲရတာကို ဆိုလိုတာမဟုတ်ပါဘူး။ မိသားစုပဲဖြစ်ဖြစ်၊ ဆွေတွေမျိုးတွေပဲဖြစ်ဖြစ် ကိုယ်နဲ့ပတ်သက်ဆက်နွှယ်နေသူများအားလုံး အချိန်တန်ရင် ခွဲခွာကြရမှာပါ။ ဘဝဆိုတာ တကယ့် မြစ်ပြင်ကျယ်ကြီးမှာ ရွေ့လျားနေတဲ့ ဗေဒါပင်တွေလိုပဲ။

    လမ်းခွဲတာနဲ့ သေခြင်းတရားဟာ ဆက်စပ်နေပါတာမို့ တစ်နေ့ကျရင် အားလုံး ခွဲခွာကြရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အသက်ရှင်နေကြတုန်းမှာ အကောင်းဆုံးစိတ်ထားနဲ့ ဆက်ဆံနေထိုင်ကြမှ လမ်းခွဲရတဲ့အချိန်အခါမှာ ဝမ်းနည်းစရာအကြောင်းမရှိဘူး။

    လမ်းခွဲတာမှာ ရှင်ကွဲကွဲရခြင်း၊ သေကွဲကွဲရခြင်း၊ ဝမ်းသာစရာကောင်းတဲ့ လမ်းခွဲခြင်း၊ ဝမ်းနည်းစရာကောင်းတဲ့ လမ်းခွဲခြင်းတွေ ရှိတယ်။

    အရာရာကို လမ်းခွဲတာမှာ ဝမ်းမနည်းဖို့၊ ခံနိုင်ရည်ရှိဖို့၊ စိတ်နေစိတ်ထားတတ်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဆရာတော်က တရားဓမ္မအမြင်နဲ့ ရှင်းရှင်းလင်းလင်း၊ ပေါ့ပေါ့ပါးပါးလေး ဟောပြထားပါတယ်။

    ဒီတရားစာအုပ်ဟာ လမ်းခွဲတာနဲ့ ပတ်သက်တဲ့ Moti စာထက် ပိုပြီးအနူးညံ့ဆုံးလို့ ကျွန်တော် ခံစားမိတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အရှင်ဆန္ဒာဓိက စာအုပ်များ