မျှော်လင့်ချက်

( 0 မှတ်ချက်)

6000 (ကျပ်)

” ပို​ကောင်းသည်များဖြစ်လာ​စေရန် ​မျှော်လင့်ချက်ဖြင့်မှန်မှန်ကြိုးစားမ​နေပါက စိတ်ပျက်ဖွယ်ရာ နာကျင်မှုများနှင့်သာပိတ်မိ​နေနိုင်၏။ ” အချိန်​တွေ ဘယ်​လောက်ပဲကြာခဲ့ကြာခဲ့ ၊ စိတ်ကူး​တွေ ဘယ်လိုပဲယဥ်ခဲ့ယဥ်ခဲ့၊ ဖြစ်လာ​အောင်မကြိုးစားသ​ရွေ့​တော့ ဘယ်အရာမှ ဖြစ်မလာနိုင်ပါဘူး….”

 

လူ့အသိုင်းအဝိုင်းပို​ကောင်းလာဖို့ လူတိုင်းမှာ တာ၀န်ရှိတယ်။ အခြားသူလည်းတာ၀န်ရှိတယ်။ ကိုယ်လည်းတာဝန်ရှိတယ်။ အခြားသူရဲ့ တာဝန်​​ကျေပွန်မှုကို အသိအမှတ်ပြု​ပေးတတ်ဖို့လည်း ကိုယ့်မှာ တာဝန်ရှိတယ်။

 

” လူဟာ စိုက်လိုက်မတ်တတ် ကြိုးစားဖြစ်ခြင်းရဲ့ ဆုလာဘ်ကို ကြိုမြင်ထားဖို့လိုသလို ဖြစ်ဖြစ်​မြောက်​မြောက် မကြိုးစားဖြစ်ခြင်းရဲ့ နာကျင်မှုကိုလည်း ကြိုခံစားထားဖို့လိုတယ်”

ဆရာ​ကောင်းစံသာ​ရေကြည် ရဲ့ အသစ်ထွက်ရှိထား​သော ​​​​​​​”မျှော်လင့်ချက် ပြန်လည်ရှင်သန်ရာ အရပ်​ဒေသတစ်ခု ” မှမှတ်သားဖွယ်ရာ စာစု​လေး​တွေကို ​ဖော်ပြ​ပေးထားတာပဲဖြစ်ပါတယ်။

​ဒီစာအုပ်က စိတ်ကူးမဟုတ်ပါဘူး၊ ​တစ်​နေ့​နေ့​တော့ ဖြစ်လာမှာပါဆိုတဲ့ အ​တွေး​တွေက​နေ နိုးထလာ​စေဖို့ သတိ​ပေးထားတဲ့ စာအုပ်တစ်အုပ်ပါပဲ။ မိမိတို့အားလုံးမှာ ဖြစ်ချင်တဲ့​ဆန္ဒ​တွေ​​မျှော်လင့်ချက်​တွေရှိကြ​ပေမဲ့ အ​ကောင်အထည်​​ပေါ်လာဖို့ အားသွန်ခွန်စိုက်ကြိုးစားခြင်း​တော့ လူတိုင်းမလုပ်ဖြစ်ကြပါဘူး ။ မျှော်လင့်ချက်ရှိတယ် ဖြစ်ချင်တဲ့ဆန္ဒရှိတယ် ဖြစ်လာဖို့ ကြိုးစားဖို့လည်းလိုပါ​သေးတယ်ဆိုတာကို ထိထိမိမိ​လေးပုံ​ဖော်ထားပါတယ်။ ​

စာမျက်နှာ

177

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 နိုဝင်ဘာလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မျှော်လင့်ချက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကောင်းစံသာ(ရေကြည်) စာအုပ်များ