Guys From Mandalay 1950s

( 3 မှတ်ချက်)

6500 (ကျပ်)

စာမျက်နှာ

457

စာအုပ်အရွယ်အစား

5.6 x 1.2 x 8.4 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2020 နိုဝင်ဘာလ (ပ-ကြိမ်)

Guys From Mandalay 1950s အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Thiha Soe

    ဒီစာအုပ်ကိုဖတ်လိုက်တာ အရှေ့ပိုင်းမှာ ခံစားချက်တစ်မျိုး နောက်ပိုင်းရောက်တော့ ခံစားချက်ကတစ်မျိုးဖြစ်သွားတယ်
    ရှေ့ပိုင်းမှာတော့ ရာဇဝင်လူမိုက်ကြီးတွေအကြောင်းကိုသိလိုက်ရလို့ သူတို့တွေရဲ့ဘဝဖြတ်သန်းမှုကိုသိလိုက်ရတယ် ဒါပေမဲ့သူတို့ လုပ်ရပ်ကို စိတ်မပျက်မိဘူး မိမိဘဝ ရပ်တည်မှုအတွက် အားထုတ်မှုတစ်ရပ်လို့ပဲ သဘောထားလို့ရခဲ့တယ်
    နောက်ပိုင်းဖြစ်တဲ့ ထောင်ကနေ ဂန္ဓမာလွတ်လာပြီး နိုင်ငံရေး သမားတွေရဲ့ လက်ကိုင်တုတ် ဘဝရောက်သွားတဲ့ အချိန်ကစလို့ ဖတ်ရသမျှ စာရွက်တိုင်းက ဒေါသဖြစ်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးသမားတွေရဲ့ကောတ်ကျစ်မှု တွေက နိုင်ငံတစ်ခုလုံးကို ပျက်စီးစေရုံမကဘူး သူတို့ရဲ့ လုပ်ရပ်တစ်ခုက အခြားတိုင်းပြည်တစ်ခုကိုပါ ထိခိုက်စေခဲ့တယ် သူခိုး ဓါးပြထက် ခေါင်းပေါင်းဝတ်ထားတဲ့ နိုင်ငံရေးလုပ်စားသူ (ကျွန်တော်ပြောတာနိုင်ငံရေးလုပ်စားသူနော်)တွေပိုကြောက်ဖို့ကောင်းတယ်ဆိုတာကိုပိုသိခဲ့ရတယ်
    စာအုပ်ကောင်းတစ်အုပ်ပါ ဒီလိုစာအုပ်မျိုးများများမျှော်လင့်မိပါတယ်

  2. Nway Phyu Pyar Oo

    The Guys from Mandalay ကိုတော့… ပထမစာအုပ်ကြောင့် ဒုတိယစာအုပ်ကို မတွေဝေပဲ ချက်ချင်း အော်ဒါတင် နိုင်ခဲ့တယ်… အင်တာနက်စာမျက်နှာတွေပေါ်မှာ တင်ထားတာ သိနေပေမယ့် စာအုပ်နဲ့ပဲ ဖတ်ချင်တာဖြစ်လို့ လုံးဝ မဖတ်ဖြစ်ခဲ့ဘူး… လက်ထဲ စာအုပ်ရောက်လာတော့လဲ ညဘက်ကြီး ဖတ်လိုက်တာ မနက် ၃ နာရီ ထိုးမှပဲ စာအုပ်ဖတ်ပြီးသွားတယ်… ဒုတိယစာအုပ်မှာ သဘောကျရတာ ပြောရမယ်ဆိုရင် အမျိုးသမီးဇာတ်ကောင်တွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ အများကြီး ထည့်ရေးသွားတာကို အတော်လေးသဘောကျနေဖြစ်တယ်…
    စာရေးသူရဲ့ The Guys of Rangoon, 1930s ရော The Guys from Mandalay, 1950s ပါ ဖတ်ရတာလဲ တန်၊ ဖတ်လို့လဲ ကောင်း၊ ဇာတ်လမ်းချိတ်ဆက်မှုတွေလဲ အဆင်ပြေ၊ အဲ့ခေတ်အချိန်အခါရဲ့ နိုင်ငံရေးအကြောင်းတွေ၊ လူနေမှုအဆင့်အတန်းတွေကိုပါ မြင်ယောင်လာတယ်… ဖတ်ရင်းနဲ့ ဇာတ်လမ်းသာမက ဇာတ်ကောင်တွေကိုပါ နားလည်လာမိတယ်… နှစ်အုပ်စလုံးမှာ ပါဝင်တဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဂန္ဓမာကြီးကလဲ ဖတ်ပြီးတဲ့အချိန်ထိ အမှတ်တရဖြစ်နေပါတယ်…
    စာဖတ်နေကြ မဟုတ်တဲ့ သူတွေအတွက်လဲ အတော်လေး ဖတ်လို့အဆင်ပြေတဲ့ စာအုပ်တစ်အုပ်မလို့… သဘောကျ ကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်…

  3. Yi Wai Oo

    ဒီစာအုပ်လေးကိုတော့ The Guy Of Rangoon အရင်ဖတ် ပီးသွားမှ ဖတ်စေချင်ပါတယ်ရှင့်
    ဇာတ်အိမ်ရဲ့ တစ်ဝက်လောက်မှာ TGOR ထဲက အချို့လူမိုက်ကြီးတွေနဲ့ ချိတ်ထားတာဆိုတော့ ဒီဟာကိုပဲ စဖတ်မယ်ဆိုရင် အချိတ်အဆက်နေရာလေးတွေမှာ နည်းနည်းလေး ပေါ့နေမယ်ထင်ပါတယ်

    ဇာတ်လိုက်ကြီး စိန်ဓါးမြှောင်ရဲ့ရွှေ့လိုက်သမျှအကွက်တွေကလည်း လှနေရောပဲ😯😯😯😯😯
    ဖတ်ရင်းနဲ့ အီသွားတဲ့အခန်းဆိုတာလည်း
    တစ်နေရာမှ မတွေ့ရဘူး အားလုံးက အချိတ်အဆက်မိမိနဲ့ အဆုံးထိအောင်ဟာကွက်မရှိတဲ့ စာအုပ်လေးပါ
    ကိုယ်တော့ အရမ်းကြိုက်တယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခက်ဇော် စာအုပ်များ