THE GUYS OF RANGOON 1930

( 6 မှတ်ချက်)

6500 (ကျပ်)

စာမျက်နှာ

521

စာအုပ်အရွယ်အစား

5.5 x1.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2020 မေလ၊ (ပ-အကြိမ်)

Out of stock

THE GUYS OF RANGOON 1930 အား ဝေဖန်သုံးသပ်မှု 6 ရှိပါသည်။

  1. Ashin Khantinanda

    The Guys Of Rangoon 1930

    ပထမဆုံး အရမ်စိတ်ဝင်စားမိတာက ဒီစာအုပ်ရဲ့ ပုံနှိပ်မှတ်ပါ။
    တစ်နှစ်မပြည့်သေးတဲ့ကာလလေးတခုမှာ (၇)ကြိမ် အုပ်ရေ (၅၀၀၀၀) ထုတ်ဝေထားရတဲ့စာအုပ် ဖြစ်နေလို့ပါ။
    ဖတ်ပြီးတဲ့အချိန်မှာတော့ နောက်ထပ်အကြိမ်များစွာ ထပ်ထုတ်ဝေရအုန်းမဲ့စာအုပ်ဆိုတာ သိလိုက်ရတယ်။ စာအုပ်ထဲကအကြောင်းရာတွေက ထင်ထားတာထက် ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့လို့ပါ။

    ဒီစာအုပ်ရဲ့ အဓိက ဇာတ်လိုက်က လမ်းမတော်ဖိုးတုတ် ပါ။ ဒါပေမဲ့ လမ်းမတော်ဖိုးတုတ်အကြောင်းသာမကပဲ ဗိုလ်တစ်ထောင်ငမိုး ဂန္ဓာမာသောင်းရီ စတဲ့အခြားသော လူမိုက်တွေအကြောင်း ဒါ့အပြင် ရန်ကုန်မြို့ပေါ်မှာ ဖြစ်နေတဲ့ ခေတ်အခြေနေ စစ်အခြေနေ အင်္ဂလိပ်ခေတ် ဂျပန်ခေတ် စတဲ့ ခေတ်အမျိုးမျိုးကို လေ့လာမှတ်သားရတယ်။

    အတိတ်ကိုပြန်သွားဘို့ လူတွေဟာ စက်တွေယန္တယားတွေအများကြီးတီထွင်ခဲ့ကြပါတယ်။ဒါပေမဲ့ သိပ်မအောင်မြင်ခဲ့ကြပါဘူး။ ဆရာခက်ဇော်ကတော့ ၁၉၃၀ဝ ဝန်းကျင်က ရန်ကုန်ကို ပြန်သွားဘို့အတွက် ဒီစာအုပ်လေးကို အောင်မြင်စွာ ဖန်တီးထုတ်ဝေနိုင်ခဲ့တယ်လို့ မြင်မိပါတယ်။
    ကိုယ်တိုင်လဲ ဒီစာအုပ်ကိုဖတ်နေစဉ်မှာ ၁၉၃၀ ဝန်းကျင်က လူမိုက်ကြီးတွေကြားရောက်သွားသလိုလို ဗုံးသံအမြောက်သံတွေကြားပြေးလွှားနေရသလိုလို ခံစားရပါတယ်။

    ဒါကြောင့် ၁၉၃၀ ဝန်းကျင်က ခေတ် စနစ်နဲ့ လူမိုက်ကြီးတွေအကြောင်းကို သိချင်ရင် ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင်ဖတ်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ခက်ဇော် စာအုပ်များ