မဏိရတနာပုံကျမ်း

( 0 မှတ်ချက်)

25000 (ကျပ်)

ရေးသားပြုစုခဲ့သူမှာ ကုန်းဘောင်ခေတ် မဟာဓမ္မရာဇာဓိရာဇာ၊ စဉ့်ကူးမင်းတရားလက်ထက် ဇိနာလင်္ကာရ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ရ ရှင်စန္ဒလင်္ကာဖြစ်သည်။ ကျမ်းတွင်ပါဝင်သော လျှောက်ထုံးများသည် အင်းဝခေတ်က ပညာရှိကြီးများ၏ လက်ရာများဖြစ်ပြီး၊ အထူးသဖြင့် ဘိုးရာဇာ၏လျှောက်ထုံးများ အများဆုံးပါဝင်သောကြောင့် ဤကျမ်းကို “ဘိုးရာဇာလျှောက်ထုံး” ဟုလည်း လူသိများကြသည်။ ယင်းလျှောက်ထုံးများမှတစ်ဆင့် အင်းဝခေတ်၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြဿနာများကို လေ့လာနိုင်ပြီး၊ ထိုခေတ်၏ လူမှုဆက်ဆံရေး အခြေအနေများကိုပါ ထိုးထွင်းသိမြင်နိုင်ပေသည်။ ဤကျမ်းသည် သမိုင်းဆိုင်ရာ ညှိနှိုင်းကိုးကားစရာအဖြစ်လည်းကောင်း၊ ဇာတ်နိပါတ်အကျဉ်းချုပ်အဖြစ်လည်းကောင်း၊ ပုံပြင်စာပေနှင့် ဆုံးမစာပေါင်းချုပ်အဖြစ်လည်းကောင်း အမြဲအသုံးဝင်နေမည့် မြန်မာစာပေ၏ အဖိုးတန်ရတနာတစ်ပါးပင် ဖြစ်တော့သည်။

စာမျက်နှာ

412(Woodfree Paper)

စာအုပ်အရွယ်အစား

7.6 × 1.4 × 10.6 inches

ပုံနှိပ်မှတ်တမ်း

ပန်းရွှေပြည်စာပေ၊ 2026 ဖေဖော်ဝါရီလ(ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မဏိရတနာပုံကျမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုရွှေသိမ်းမင်း စာအုပ်များ