
ဓညဝတီ အရေးတော်ပုံကျမ်း
5000 (ကျပ်)
“ဓညဝတီ အရေးတော်ပုံကျမ်း” သည် မြန်မာ့သမိုင်းတွင် ထင်ရှားသော အရေးတော်ပုံကျမ်းငါးစောင် အနက်မှ တစ်စောင်အပါအဝင်ဖြစ်ပြီး၊ ရခိုင်ပြည်၏ ရှေးဟောင်းမင်းဆက်များ၊ စစ်မက်ရေးရာများနှင့် နိုင်ငံရေးအပြောင်းအလဲများကို မှတ်တမ်းသဖွယ် စနစ်တကျ တင်ပြထားသော ကျမ်းဂန်ကြီးတစ်စောင်ဖြစ်သည် ။
ဤကျမ်းတွင် ဓညဝတီဒုတိယမြို့တည် ကံရာဇာကြီးမင်းမှအစ ၂၈ ဆက်မြောက် မင်းသီရိရာဇာလက်ထက်အထိ၊ နောက်ဆုံး မဟာသမ္မတမင်းလက်ထက် (သက္ကရာဇ် ၁၁၄၆) အထိ ရခိုင်မင်းများ၏ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ထားသည် ။ အထူးသဖြင့် ဤကျမ်းတွင် စစ်တိုက်ပုံများထက် ပညာရှိအမတ်ကြီးများ၏ လျှောက်ထားချက်များ၊ မြန်မာ့ထုံးတမ်းဓလေ့များ၊ အတိတ်နိမိတ်ဖတ်ပုံများနှင့် ရှေးဟောင်းပုံပြင်များ ပိုမိုများပြားစွာ ပါဝင်သဖြင့် ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများစွာ ပါရှိသည် ။
ကျမ်း၏အဆုံးသတ်တွင် အမရပူရပြည့်ရှင် ဘိုးတော်ဘုရားမင်း၏ သားတော် အိမ်ရှေ့ဥပရာဇာ ရခိုင်ပြည်ကို သိမ်းပိုက်လိုက်သောအခါ ဓညဝတီ၌ ရခိုင်မင်းဆက်ပြတ်သွားပုံကို ရေးသားထားပြီး၊ စကားပြေအရေးအသားမှာ ခန့်ညားခမ်းနားလှပါသည်။
ကိုရွှေသိမ်းမင်း၏ စိစစ်ခင်းကျင်းမှုဖြင့် ပြန်လည်ထုတ်ဝေထားသော ဤစာအုပ်သည် ရခိုင်သမိုင်းကို လေ့လာလိုသူများ၊ မြန်မာ့ရှေးဟောင်းစာပေနှင့် ထုံးတမ်းဓလေ့များကို စိတ်ဝင်စားသူများအတွက် အဖိုးတန်သော ရတနာသိုက်ကြီးတစ်ခုပင် ဖြစ်ပါသည်။
| စာမျက်နှာ | 277 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6.5 × 1.1 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပန်းရွှေပြည်စာပေ၊ 2017 ဩဂုတ်လ (ပထမအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ