သီချင်းဆိုရင်း ပန်းပျိုးမယ်
7000 (ကျပ်)
ပေးစာလေးတွေ ဆိုတာဟာ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ဦးတည်ပြီး မေတ္တာအခြေခံလို့ ရေးပေးကြတဲ့ စာလေးတွေ ဆိုတာ ငြင်းပယ်လို့ မရတဲ့ အမှန်တရားပါ။
အဲဒီလို ပေးစာလေးတွေဟာ တစ်စုံတစ်ယောက်ကို ဦးတည်တယ် ဆိုပေမဲ့ အများအတွက် တစ်စုံတစ်ရာ အကျိုးပြု ထောက်ပံ့နိုင်စွမ်းလဲ ရှိပြန်ပါတယ်။
ဒါကြောင့်သာပဲ အဲဒီလို ပေးစာလေးတွေဟာ စာဖတ်သူများရဲ့ ရှေ့မှောက်ကို ရောက်ရှိလာခဲ့သလို စာဖတ်သူ အများစုရဲ့ အသိအမှတ်ပြုမှုကိုလဲ ရနေကြတာ မျက်မြင်ဒိဋ္ဌပါပဲ။
အခု ဆရာ မိုးကျော်ဇင်ရဲ့ သီချင်းဆိုရင်း ပန်းပျိုးမယ် စာအုပ်လေးဟာလဲ သမီးလေးထံ ပေးစာတွေ ဆိုပေမဲ့ အများသူငါအတွက် တစ်စုံတစ်ရာသော အကျိုးပြုမှု၊ ထောက်ပံ့မှုကို ရစေမှာ အသေအချာပါ။
သီချင်းဆိုရင်း ပန်းပျိုးမယ် စာအုပ်လေးထဲမှာ မေတ္တာရားရဲ့ ရနံ့၊ ကိုယ်ချင်းစာတရားရဲ့ ရနံ့၊ သစ္စာတရားရဲ့ ရနံ့တွေကို ရှူရှိုက်ရပါလိမ့်မယ်။
စာဖတ်သူ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်သာချမ်းမြေ့ပါစေ။ 🍀
| စာမျက်နှာ | 123(woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6× 0.2×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2024 ဒီဇင်ဘာလ (ပထမအကြိမ်) |
13 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ