ရန်ကုန်မြစ်၏ တစ်နေရာ
4500 (ကျပ်)
၂၀၁၈ ခုနှစ် သဟာယစာပေဆု ရရှိခဲ့တဲ့ ဒီစာအုပ်လေးဟာဆိုရင်တော့ ဆရာမိုးကျော်ဇင် စာပေလောကကို ၁၁ နှစ်ကျော် ဖြတ်သန်းခဲ့ပြီးမှ ထွက်ရှိလာခဲ့တဲ့ ဆရာ့ရဲ့ အဦးဆုံး စာအုပ်လေးပဲဖြစ်ပါတယ် ..
” ၀တ္ထုရေးဆရာတွေက တစ်ယောက်နဲ့တစ်ယောက် အယူအဆ မတူတတ်ပါဘူး ။ ဒါပေမဲ့ ဆရာမိုးကျော်ဇင်ကတော့ သူရေးချင်ရာကို ရအောင် ရေးသွားတာပါပဲ ။ သူ့ကို ဇာတ်လမ်းက ဆွဲခေါ်သွားတာလား ၊ ဇာတ်လမ်းကို သူက ဆွဲခေါ်တာလား ဆိုတာကိုတော့ စာဖတ်သူကိုယ်တိုင် သုံးသပ်ကြည့်စေချင်ပါတယ် ”
( ဆရာ မျိုးမြင့်ညိမ်း မှ )
” သူ့မှာ ၀မ်းစာရှိသည် ။ လတ်ဆတ်သော ခေတ်ပြိုင်အတွေး ရှိသည် ။ ခံစားမှု ဖွံ့ဖြိုးသည် ။ ရေးဖွဲ့တတ်သော အတတ်ပညာရှိသည် ။ ၀တ္ထုရေးသူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်သော အချက်များပင် ”
( ဆရာ ဇူးကျော် မှ )
စာမျက်နှာ | 184 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.3 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဇွန်လ (ဒုတိယအကြိမ်) |
86 in stock
Pyae Ar Kar –
ကျွန်တော့်အိမ်က လှမ်းကြည့်လိုက်ရင် သီလဝါ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်နေတဲ့ သေင်္ဘာကြီးတွေ ၊ ရေလယ်မှာ ကျောက်ချထားတဲ့ သေင်္ဘာကြီးတွေကို တွေ့ရတယ် .. အရင်တုန်းက ဒီမြင်ကွင်းကို မျက်စိပသာဒအဖြစ်နဲ့သာ ကြည့်ရှုခဲ့ပေမယ့် ဒီစာအုပ်ဖတ်ပြီးတော့ အတွေးတွေက ဒီမြင်ကွင်းရဲ့နောက်မှာ လိုက်ပါလာခဲ့တော့တယ် ..
ရန်ကုန်မြစ်၏တစ်နေရာဆိုတဲ့ ဒီစာအုပ်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်မှာပေါ့ .. ရန်ကုန်မြစ်ကြီး ဘေးနားမှာရှိတဲ့ ရွာလေးတစ်ရွာက သားအဖနှစ်ယောက်ဟာ ရေလယ်မှာ ကျောက်ချထားတဲ့ ဆီတွဲေသင်္ဘာကြီးတွေဆီ ပဲ့ထောင်လေးနဲ့ ဈေးရောင်းထွက်လာကြတယ် ..
ငါးပိုက်ဆွဲပီး လက်ပေါက် ၊ ကျောပူ အခြေအနေမျိုးထက် ကျောက်ချထားတဲ့ သေင်္ဘာတွေဆီသွားပြီး အားညောင်းခံကာ ကုန်ပစ္စည်းလေး ရောင်းတဲ့အလုပ်က သူတို့တွေအတွက် ပိုသက်သာတယ်လေ ..
ဟိုရောက်တော့ သူတို့မှာရှိတဲ့ ကုန်ပစ္စည်းတွေကို ကောင်မလေးက ရောင်းချတယ် .. သင်္ဘောပေါ်က လူတွေရဲ့ မိန်းကလေးတစ်ယောက်ကို ပြုမှုလိုက်တဲ့ လုပ်ရက်ကိုကြည့်ပီး သူ့ဘေးက အဖေအစား စာဖတ်နေရင်း ဒေါသတွေတောင် ထောင်းခနဲ ထွက်မိသွားတယ် ..
အော် ဒီလိုအဖြစ်မျိုးတွေ ဘယ်လောက်တောင်များနေပီလဲ .. ကိုယ်မသိလိုက်တဲ့ ဒီထက်ဆိုးတဲ့ ကိစ္စတွေကော ဘယ်လောက်များများ ဖြစ်နေသလဲဆိုတာကို ဒီစာအုပ်လေးဖတ်ပြီးတဲ့နောက် ရန်ကုန်မြစ်၀ကိုငေးတိုင်း ကျွန်တော်ကတော့ အတွေးနယ်ချဲ့ နေမိတော့တာပါပဲ ..
( spoiler ဖြစ်သွားရင် ဆောရီးပါလို့ ၊ ဒီထဲက ၀တ္ထုတိုလေးတစ်ပုဒ်ဆိုပေမယ့် ခံစားချက် တစ်စုံတစ်ရာ ကြီးကြီးမားမား ကျန်ခဲ့လို့ပါ )
ဒီစာအုပ်လေးဟာ ဆရာမိုးကျော်ဇင်ရဲ့ ပထမဦးဆုံး စာအုပ်လေးဖြစ်ပီး ပန်းဆက်လမ်းစာပေက ပန်းချီမုတ်သုန် မျက်နှာဖုံးနဲ့ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေထားခြင်းဖြစ်တယ် .. ၂၀၁၈ ခုနှစ်ရဲ့ သဟာယစာပေဆုကို ရရှိခဲ့လို့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကို အထူးတလည် ရှင်းပြနေစရာတော့ မလိုတော့ဘူး ထင်ပါရဲ့နော် ..
ဆရာမျိုးမြင့်ညိမ်းက ” ၀တ္ထုရေးဆရာတွေက တစ်ယောက်နဲ့တစ်ယောက် အယူအဆ မတူတတ်ပါဘူး ။ ဒါပေမဲ့ ဆရာမိုးကျော်ဇင်ကတော့ သူရေးချင်ရာကို ရအောင် ရေးသွားတာပါပဲ ။ သူ့ကို ဇာတ်လမ်းက ဆွဲခေါ်သွားတာလား ၊ ဇာတ်လမ်းကို သူက ဆွဲခေါ်တာလား ဆိုတာကိုတော့ စာဖတ်သူကိုယ်တိုင် သုံးသပ်ကြည့်စေချင်ပါတယ် ” လို့ ဆိုထားသလို ဆရာဇူးကျော်ကလည်း ” သူ့မှာ ၀မ်းစာရှိသည် ။ လတ်ဆတ်သော ခေတ်ပြိုင်အတွေး ရှိသည် ။ ခံစားမှု ဖွံ့ဖြိုးသည် ။ ရေးဖွဲ့တတ်သော အတတ်ပညာရှိသည် ။ ၀တ္ထုရေးသူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်သော အချက်များပင် ” လို့ မှတ်ချက်ပြုထားပါတယ် ..
ဒီစာအုပ်ထဲမှာ ၀တ္ထုတို ၁၅ ပုဒ်ပါ၀င်ပြီး ၁၅ ပုဒ်စလုံးဟာ ဆရာ မိုးကျော်ဇင် စာပေလောကကို ၁၁ နှစ်ကျော် ဖြတ်သန်းပြီး ရေးသားခဲ့သမျှ စာတွေထဲက selection ရွေးထုတ်ထားတဲ့ စာတွေဖြစ်တဲ့အတွက် တစ်ပုဒ်ချင်းစီတိုင်းမှာ ခံစားမှု တစ်စုံတစ်ရာ / အတွေးအမြင် တစ်စုံတစ်ရာ ကျန်ရစ်စေမယ့် အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ် …..
စာအုပ်အမည် #ရန်ကုန်မြစ်၏တစ်နေရာ မဂ္ဂဇင်းဝတ္ထုတိုများ #သဟာယစာပေဆုရ
စာရေးသူ #မိုးကျော်ဇင်
စာအုပ်တိုက် #ပန်းဆက်လမ်း #PannSattLann
မျက်နှာဖုံး #မုတ်သုန်
ပုံနှိပ်မှတ်တမ်း – ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၊ ဒုတိယအကြိမ် ၊ အုပ်ရေ ၁၀၀၀ ၊ တန်ဖိုး ၄၅၀၀ကျပ်
#စာညွှန်းအိမ်
#PyaeArKar