ကြောက်စိတ်

( 0 မှတ်ချက်)

5000 (ကျပ်)

ဇင်ပုံပြင်တစ်ပုဒ်က ယခုလို ဆိုသည်။

ညကြီးမိုက်မိုက် အမှောင်တိုက်ထဲ လူတစ်ယောက် လမ်းလျှောက်လာစဥ် လမ်းဘေးချောက်ကြီးထဲ ပြုတ်ကျခိုက် ဆွဲမိဆွဲရာ သစ်ကိုင်းတစ်ကိုင်း လက်ထဲပါလာသည်။ လမ်းဘေးတစ်ဖက်ပေပေါင်းများစွာ အနက်ချိုင်းဝှမ်းတို့ ရှိနေကြောင်း သူသိထားရာ ချောက်ကြီးထဲ ပြုတ်ကျတော့မယ်လို့ပဲ တွေးရင်း တွေးရင်းကြောက်လန့်နေသည်။သူဆွဲထားသော သစ်ကိုင်းကား ချောက်ကမ်းပါးစွန်းတစ်နေရာမှ သစ်ပင်တစ်ပင်တည်း အမှောင်ထုအတွင်း… ချောက်ကမ်းပါးကြီး၏ အောက်ခြေသို့ပင်မမြင်နိုင်။ ကြောက်အားလန့်အား ကူပါကယ်ပါ အော်ဟစ်အကူအညီတောင်းသော်လည်း လူသံသူသံမကြား။ ချောက်ကြီးအတွင်း သူ့အသံတွေသာ ပဲ့တင်ထပ်လာသည်။ ညကလည်း တဖြည်းဖြည်း သွေးခဲမတတ် အေးစက်လာနေသည်။ သစ်ကိုင်းကို ဆုပ်ထားသော လက်နှစ်ဖက်လည်း အံသေ၍လွတ်ကျတော်မဲ့ဆဲဆဲ ဒါပေမဲ့ အောက်မှာ သေခြင်းအားမာန်တင်းကာ တစ်ညလုံး ဇွဲနပဲနဲ့ သစ်ကိုင်းကို မလွတ်တမ်းဆုပ်မြဲဆုပ်လျက် အာရုဏ်ကျင်း ဆည်းဆာအလင်း သီသီဝေဝေ ရောက်လာလေရော့ပါလားအောက်ကို ငုံ့ကြည့်လိုက်တော့ သူ ထင်နေသောအသူရာချောက်ကြီးကို မတွေ့ သူ့ခြေထောက်အောက် ခြောက်လက်မအကွာကျောက်နံရံမှ ငေါထွက်နေသော ကျောက်စွန်းလေးတစ်ခုသာအားရပါးရ သူ့ကိုယ်သူ အော်ဟစ်ရယ်မောလိုက်သည်။ သို့ပေမဲ့ သူ့ခမျာ တစ်ညလုံးတမှေးမှ မအိပ်စက်နိုင်။ အိမ်မက်ဆိုးကြီးနဲ့ နဘန်းလုံးနေခဲ့ရလေသည် အကြောက်တရားကား ခြောက်လက်မမျှသာ နက်ရှိုင်းသော်လည်း တစ်ညလုံး သစ်ကိုင်းကို မလွှတ်တမ်းဆွဲပြီး အိပ်မက်ဆိုးကြီးနဲ့ နပန်းလုံးနေမလားဆုပ်ထားတဲ့ သစ်ကိုင်းကို လွှတ်ချလိုက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မလား သင်တို့ဘာသာ ဆုံးဖြတ်ကြစေ သင်တို့ကို သင်ကြားပေးခဲ့သော ရူးသွပ်ခြင်း တစ်စုံတစ်ရာအတွက် သင်တို့ ဘဝတွေကို မစတေးကြလေနှင့်သင်တို့ဘဝ ရှင်သန်ကြကုန်လော့သီအိုရီတွေအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအတွက်သော်လည်းကောင်း၊ ဓမ္မကထိကတို့၏ စကားလုံးအတွက်သော်လည်းကောင်းဘဝကို မစတေးကြလေနှင့်အခြား တစုံတရာအတွက်သော် လည်းကောင်း၊သင်တို့ဘဝကို မရင်းလေနှင့် သင်တို့ဘဝ သင်တို့အတွေးအခေါ်တွေကိုစကားလုံးတွေနှင့် လွှမ်းမိုးချုပ်ကိုင်ပြီး၊ လိုရာပုံသွင်းပြီးသားသတ်သမားလို လူသတ္ထဝါတွေ အမြောက်အမြား ရှိလေသည်။ စင်စစ် အကြောက်တရား (သို့) ကြောက်စိတ်ဆိုသည်မှာ နတ်ထိ…… ။

စာမျက်နှာ

198

စာအုပ်အရွယ်အစား

5.2x 0.4 x 8.1inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2024 ဖေဖော်ဝါရီလ

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကြောက်စိတ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နိုင်ဦး စာအုပ်များ