ပင်လက်ပံကြွေချိန်ကျပြီမို့

( 0 မှတ်ချက်)

7500 (ကျပ်)

ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာကြိုးလေးတွေနဲ့ ယှက်ဖွဲ့ ရက်သီထားတဲ့ မေတ္တာချည်ပဝါပါး ဝတ္ထုတိုလေးများကို စုစည်းထားတဲ့ ” ပင်လက်ပံကြွေချိန်ကျပြီမို့ ” ကျေးလက်၀တ္ထုတိုများ…

◽လက်ပံဟာ အညာ့သရုပ်၊ အညာ့ပုံရိပ်၊ အညာ့နိမိတ်၊ အညာ့မင်းသမီးလို့ ဆိုရတဲ့အထိ အညာနဲ့ ပနံရတဲ့ပန်းပါ။ လက်ပံဟာ မြန်မာပြည် တစ်နံတစ်လျား အထက်အရပ် အောက်အရပ် နှံ့စပ်အောင် ပွင့်ကြပါရဲ့။ သို့ပေသိ အညာမှာပွင့်တဲ့ လက်ပံကမှ ပိုလှသလို ခံစားရတာကလား ၊ လက်ပံနီတျာတျာဟာ ပင်လယ်ပြင်တွေ ရေလှိုင်းတွေ တောင်တန်းတွေထက် ထန်းတောကြီးတွေ၊ ဖုန်လုံးကြီးတွေ၊ နွားလှည်းကြီးတွေနဲ့မှ ပိုပြီး သဟဇာတဖြစ်တာကလား။အညာပေဟေ့ဆိုရင် လက်ပံနဲ့ တွဲမြင်မိလောက်အောင် လိုက်ဖက်ညီကြတဲ့ သက်မဲ့အလှတရားများပါပေ။ အညာကို ချစ်ပါရဲ့ လက်ပံကို မြတ်နိုးပါရဲ့ ၊ ဒါကြောင့်လည်း သည်စာအုပ် ကလေးအတွက် “ပင်လက်ပံ ကြွေချိန်ကျပြီမို့” ဆိုတဲ့ ခေါင်းစီးကလေးကို ရွေးချယ်ဖြစ်ခဲ့တာပါ။

◽စာအုပ်ကလေးထဲက ဝတ္ထုတိုလေးတွေကတော့ အကြောင်းအရာ စုံပါတယ်။ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊ နှမနဲ့မောင်၊ ရပ်ဓလေ့ ရွာ့ထုံးစံ စတဲ့ အကြောင်းအရာ အစုံစုံသော ဇာတ်လမ်းဇာတ်အိမ်လေးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ် ၊ သို့ပေသိ ကျေးလက်အငွေ့အသက်လေးတွေနဲ့ လည်း သွေဖည်မသွားပါ။

◽အညာဓလေ့စင်စစ် မဟုတ်သည့်တိုင် ကျေးလက်သဘာဝ၊ ကျေးလက်ပသာဒတို့ကိုကား ထိတွေ့ခံစားရမည်သာ ၊ သည်စာအုပ်လေးထဲက ဝတ္ထုတိုလေးတွေ အများစုကတော့ စာရေးသူ ကျင်လည်ထိတွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်က အဖြစ်လေးတွေကို အခြေခံပြီး ရေးဖွဲ့ထားတာချည်းပါပဲ။ သည်ဝတ္ထုလေးတွေကို ဖတ်ရှုပြီးတဲ့နောက်မှာ မေတ္တာတရားတွေကို ပိုပြီးခံစားမိ လာနိုင်သလို၊ မေတ္တာတွေဟာ ရှုထောင့်မျိုးစုံက လာကြတယ်ဆိုတာကိုလည်း ပိုပြီးသတိထားမိလာမယ် ထင်ပါတယ်။

◽ကျွန်တော်တို့ မေ့လျော့နေခဲ့တဲ့ အမေ့ခံလေးတွေ၊ ကျွန်တော်တို့ ကြဉ်ဖယ်ထားတဲ့ အပယ်ခံကလေးတွေမှာလည်း မေတ္တာတရားတွေ ကိန်းဝပ်ခိုတွယ်နေပါလားဆိုတဲ့ ခံစားချက်ကလေးတွေလည်း ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဧပြီလ (ပထမအကြိမ်)

24 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပင်လက်ပံကြွေချိန်ကျပြီမို့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းရောင်နီ(စဘေ) စာအုပ်များ