အတွေ့အကြုံမှပညာသို့
6000 (ကျပ်)
အိုင်တီနောက်ပိုင်း သမိုင်းအရွေ့မှာ မျဉ်းတန်းသဘောမဆောင်တော့။ နှေးလိုက်၊မြန်လိုက်၊ ငုပ်လိုက်၊ ပေါ်လိုက် ဖြစ်လာသည်။ မျဉ်းတန်းမဟုတ်သော (non linear) ဆောင်လာသည်။ သို့နှင့်အမျှ ဖြစ်စဉ်ဖြစ်ရပ်များတွင် မြင်သာထင်သာရှိသော အဆက်အစပ်တို့ ပြတ်ပျက်ထွက်ကုန်သည်။
ဤသို့ သဘောသဘာဝရှိသောကာလကို သူက “အဆက်ပြတ်သွားသောခေတ်”ဟု အမည်သညာပြုလိုက်သည်။ ပညာခေတ်ဖြစ်ပါသည်။ ဤကာလမျိုးတွင် အတွေ့အကြုံသက်သက်ဖြင့် ဘဝကို ရှေ့မဆောင်နိုင်တော့။ “ပညာ” က “အခရာ” ဖြစ်လာသည်။ ပညာဖြင့်သာ ဖြစ်ရပ်တို့၏ “လာရာ” “လားရာ” ကို ချဉ်းကပ်ဖွင့်ဆိုနိုင်သည်။ ပညာသည်သာ အရာရာဖြစ်လာသည်။
1968 ခုနှစ်က ပထမအကြိမ်ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်ရှိသည်။ “အဆက်ပြတ်သွားသောခေတ်” (Age of Discontinuity) အမည်ရှိ ကျမ်းပင်ဖြစ်ပါသည်။ ကျမ်းရှင်မှာ မျက်မှောက်ခေတ် စီမံခန့်ခွဲမှုနယ်ပယ်တွင် “ဂုရုများ၏ဂုရု” ဟု အမည်ပေး လေးစားကြရသော ပါမောက္ခ”ပီတာအက်(ဖ)ဒရပ်ကာ” ပင်ဖြစ်သည်။ အဆိုပါကျမ်းတွင် ဒရပ်ကာက လူ့သမိုင်းစဉ်ကို “သတင်းအချက်အလက်နည်းပညာ” (အိုင်တီ) ပေါ်ထွန်းလာမှုနှင့် ဆစ်ပိုင်းကြည့်သည်။ “အိုင်တီ”မတိုင်မီ “စက်မှုခေတ်” အထိ သမိုင်းအရွေ့မှာ “မျဉ်းတန်းသဘော” (Linear) ဆောင်သည်။ သို့နှင့်အမျှ ဖြစ်ရပ်များမှာ မြင်သာထင်သာရှိသော အဆက်အစပ်ရှိသည်။ သို့အတွက် “အဆက်အစပ်ရှိသောခေတ်” (Age of Continuity) ဟုသူက အမည်ပေးသည်။ ဤကာလတွင် “အတွေ့အကြုံ” က “အခရာ” ဖြစ်နေရာ အတွေ့အကြုံများလေ ဗဟုသုတကြွယ်ဝလေ ပညာရှိလေဟု ယူဆခဲ့ကြသည်။
ယခုစာစုတွင် “စက်မှုခေတ်” တစ်နည်း “အဆက်အစပ်ရှိသောခေတ်” ကို ဖြတ်သန်းသွားခဲ့သည့် ပညာရှင်တစ်ယောက်၏ “ငယ်ဘဝအတွေ့အကြုံ” များကို ဖော်ပြထားသည်။ အဆိုပါ ပညာရှင်မှာ တခြားသူတော့မဟုတ်ပါ။ ဆိုခဲ့ပါကျမ်းကို ပြုစုခဲ့သူ “ဒရပ်ကာ” ကိုယ်တိုင်ပင်ဖြစ်ပါသည်။ “ဒရပ်ကာ” က သူကိုယ်ပိုင်အတွေ့အကြုံသာမက အခြားသူများ၏ အတွေ့အကြုံနှင့် စာအုပ်များမှရသော အတွေ့အကြုံတို့ကိုပါ စုစည်းထားသည်။ ထိုမျှမက “ဒရပ်ကာ”အပါအဝင် အခြားပညာရှင်များ၏ ပြောင်းလဲလာသော “ပညာခေတ်” နှင့် ပတ်သက်သည့် ဆန်းစစ်ချက်များကို လည်း လက်လှမ်းမီသမျှ ဖော်ပြထားသည်။ ဤဟော်ပြောပွဲတွင် ပညာ၊ပညာရေးနှင့် ပညာတတ်ဆိုသည်နှင့် ပတ်သက်သော သဘောထားအမြင်အရွေ့ကို တစ်စုံတစ်ရာ ခြေရာခံနိုင်လိမ့်မည် ဖြစ်ပါသည်။
| စာမျက်နှာ | 93 |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.2 x 8.9 inches |
| ပုံနှိပ်မှတ်တမ်း | တကောင်းစာပေ ၊ 2024 မတ်လ (ပထမအကြိမ်) |
1 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ