ဘောဂဗေဒအတွေးအမြင် ၅၀
20000 (ကျပ်)
စာအုပ်မှာ ဘောဂဗေဒပညာရပ်ကို အခန်းခြောက်ခန်းခွဲ၍ ဖော်ပြထားပါသည်။
– အခန်း (၁) တွင် အဒမ်စမစ်၊ မေး(လ)သပ်(စ)၊ ယန်းဘက်ပတစ်ဆေးတို့၏“ဘောဂဗေဒ အခြေခံတွေ”(Basics)ပါသည်။
– အခန်း (၂) မှာ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ကိန်း(စ) ဝါဒ စသော “လှုပ်ရှားမှုတွေ”(Movements) အကြောင်းဖြစ်သည်။
– အခန်း (၃) မှာ အသပြာ၊ အင်ဖလေးရှင်း၊ ဒီဖလေးရှင်း စသဖြင့် စီးပွားရေးများအလုပ်လုပ်ပုံ”(How Economics Work) တွေကို ရှင်းပြထားသည်။
– အခန်း (၄) မှာ ဘဏ်၊ စတော့ရှယ်ယာ၊ စန်းပွင့်‘ပြိုလဲ သံသရာ စသော ‘ဘဏ္ဍာရေးနှင့်ဈေးကွက်” (Finance and Markets) အကြောင်းဖြစ် သည်။
– အခန်း (၅) မှာ ဂလိုဘယ်လိုက်ဇေးရှင်း၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ ဆင်းရဲချမ်းသာကွာဟမှုဆိုသော ‘ပြဿနာတွေ” (Issues) ကို တို့ထိထားသည်။
– အခန်း (၆) ကား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ အပြုအမူဆိုင်ရာ၊ ပျော်ရွှင်မှုဆိုင်ရာ ဘောဂဗေဒ များအကြောင်းကို မိတ်ဆက်ထားသည်။
‘ Alternative Economics’ဟု အမည်ပေးထား သည်။ ဘောဂဗေဒဘာသာရပ်ကို အခြေခံမှစ၍ ၂၁ ရာစုပြဿနာများထိ ရှင်းပြထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
| စာမျက်နှာ | 284 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.4 x 8.7 inches |
| ပုံနှိပ်မှတ်တမ်း | တကောင်းစာပေ ၊ 2025 အောက်တိုဘာလ (ပထမအကြိမ်) |
1 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ