မှီ

( 1 မှတ်ချက်)

18000 (ကျပ်)

မှီ တစ်အုပ်ထဲမှာ ကျောင်းဆရာ နဲ့ တက္ကသိုလ်၊ ဝိဥာဥ်နဲ့အကြားအမြင်နှင့် အရွယ်လွန်အချစ် ဇာတ်ကသုံးမျိုးတွေ့ရမှာဖြစ်ပါတယ်။   ဘီအီးဒီ လာတက်တဲ့ ဆရာကိုတင်မောင်နဲ့ ယောင်္ကျားဆန်ပြီးအနေအထိုင်ထူးခြားတဲ့ ဆရာမ မမြမှီတို့ဇာတ်။ ကျားနဲ့မ အတူတွဲလမ်းလျောက်ရုံနဲ့ပေးစားတတ်တဲ့ လူ့အသိုင်းအဝန်းထဲကသူတို့နှစ်ယောက်ရဲ့ထူးခြားတဲ့သံယောဇဥ်။ အနာဂတ်ကိုကြိုသိနေတဲ့ မှီ။ဝိဥာဥ်နဲ့စကားပြောနိုင်တဲ့မှီ။ ငါးထပ်ကြီးဘုရားကထူးခြားတဲ့ဆရာနှစ်ဦး။ ဟော… အသက်ခြောက်ဆယ်ကျော်၊ပင်စင်စားမှပြန်တွေ့ကြတဲ့ချစ်သူနှစ်ဦး။ ယခုစာအုပ်မှာ သန္တရသ အပေးနိုင်ဆုံးမို့ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

274 (Woodfree paper)

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မောက္ခစာပေ၊ 2025 စက်တင်ဘာလ၊ (ပထမအကြိမ်)

Out of stock

မှီ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat –

    ဝိညာဥ်ပိုင်းဆိုင်ရာ သိ၊မြင်၊ကြားရတဲ့ လူဝင်စား အမျိုးသမီး “မမြမှီ”၊ နာမ်လောကကို အယုံအကြည် မရှိတဲ့ ဆရာတို့ကြားက ဆက်နွယ်မှုတွေအပြင်လက်ရှိနိုင်ငံရေးအခြေအနေတွေကိုလည်း ထည့်ရေးထားပါတယ်။ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်။ချစ်ခြင်းမေတ္တာကြောင့် ယုံကြည်လက်ခံခြင်းတွေ ပြောင်းလဲနိုင်တာလေးရော တွေးမိစေတယ်။မမြင်ရပေမယ့်လည်း အချို့သော စိတ်အစွဲတွေကြောင့် မထွက်ခွာနိုင်သူတွေရဲ့ အပူတွေကိုလည်း တွေ့ရမယ့် စာအုပ်လေးပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တင်ညွန့် စာအုပ်များ