အိပ်မပျော်ဘူးလား

( 0 မှတ်ချက်)

6000 (ကျပ်)

အိပ်စက်ခြင်းသည် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည်။ အိပ်စက်ခြင်းသည် တစ်နေ့တာ ရုန်းကန်လှုပ်ရှားခဲ့သမျှကုန်ခမ်းခဲ့ရသော အင်အားများကို အသစ်တစ်ဖန် မွေးဖွားပေးခြင်း၊ နွမ်းနယ်ခဲ့ရသောစိတ်ကို ပြန်လည်လန်းဆန်းစေခြင်းတို့ကို ဖြစ်စေသည်။ တစ်နည်းအားဖြင့် အိပ်စက်ခြင်းသည် ကိုယ်နှင့်စိတ် ကျန်းမာရေးအတွက် အလွန်အရေးပါလှသည်။

လူတိုင်းလူတိုင်း အိပ်စက်ကြသည်။ သို့သော် အိပ်ရေး၀အောင် အိပ်စက်နိုင်ခြင်းမရှိသူ များစွာရှိသည်။ အိပ်ရေးမ၀သည့်အခါ ကိုယ်ခံစွမ်းအားကျဆင်းပြီး ကျန်းမာရေးချို့တဲ့လာခြင်း၊ စိတ်ဖိစီးမှုများလာပြီး အလုပ်နှင့် လူမှုဆက်ဆံရေးကို ထိခိုက်လာခြင်းတို့ ဖြစ်လာနိုင်ပါသည်။ လူတော်တော်များများသည် အိပ်မပျော်သည့်အခါ အိပ်မပျော်ရသည့်အကြောင်းအရင်းကို မရှာဖွေဘဲ အိပ်ဆေး၏ ဆိုးကျိုးများကို ခံရတော့သည်။ တကယ်တော့ အိပ်မပျော်ရသည့် အကြောင်းရင်းကို သိအောင်လုပ်ပြီး ရှောင်သင့်သည်ကို ရှောင်၊ ဆောင်သင့်သည်ကို ဆောင်မည်ဆိုပါက ကောင်းစွာ အိပ်ပျော်နိုင်ပါသည်။

ဤစာအုပ်ကို အိပ်စက်ခြင်းနှင့်ပတ်သက်​ပြီး ရှောင်သင့်ရှားသင့်၊ ဆောင်ထားသင့်သည့် အလေ့အကျင့်ကောင်းများ၊ တစ်နည်းအားဖြင့် မူရင်းစာရေးသူ Wendy Green ၏ သုတေသနကျကျ အိပ်စက်ခြင်းဆိုင်ရာ နည်းလမ်းကောင်းများကို ဖတ်ရှု့လေ့လာပြီး အိပ်မပျော်ခြင်း ဒုက္ခမှ လွန်မြောက်နိုင်စေရန်နှင့် အိပ်ပျော်ခြင်းသုခကို ခံစားနိုင်စေရန် ရည်ရွယ်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။

စာမျက်နှာ

153(Burma Paper)

စာအုပ်အရွယ်အစား

4.5 x 0.3 x 7 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2024 အောက်တိုဘာလ၊ (တတိယ-ကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အိပ်မပျော်ဘူးလား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာလှကြည် စာအုပ်များ