ဗုဒ္ဓနည်းကျ ဘဝနေထိုင်မှုအနုပညာ
18500 (ကျပ်)
ဘဝတစ်ခု အထက်တန်းကျဖို့ အဓိကအခြေခံအကျဆုံးအရာတစ်ခုက မိမိကိုယ်ကို Self-determination လုပ်နိုင်တဲ့ အသိပညာပါပဲ။ မင်္ဂလသုတ္တန်တရားတော်ထဲက “အတ္တသမ္မာ ပဏိဓိ” လို့ ပါဠိလိုပြောလိုက်ရင် ခမ်းနားကြီးကျယ်သွားမှာစိုးတဲ့အတွက် Self-determination လို့သုံးလိုက်တော့ ခေတ်မီသွားတာပေါ့။
ဘ၀မှာ ကိုယ့်စိတ်ကိုယ်နိုင်နင်းတဲ့အခါ ကိုယ့်စိတ်က မိတ်ဆွေသူငယ်ချင်းဖြစ်လာတယ်။ ဘ၀မှာ ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်နေတဲ့အခါ အဲဒီစိတ်က ကြီးမားတဲ့ရန်သူဖြစ်လာတယ်။ အဲဒါကြောင့် ကိုယ့်စိတ်နဲ့ကိုယ် အဆွေခင်ပွန်းဖွဲ့ဖို့လိုတယ်။ ဘဝကစားပွဲမှာ အောင်မြင်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာ ကိုယ့်စိတ် ကို အောင်နိုင်သွားကြလို့ပါ။ ကိုယ့်စိတ်ကို ကိုယ်လိုချင်သလို ပုံသွင်းယူကြတာ။
ကိုယ့်ကိုယ်ကိုယ် ပိုကောင်းချင်တယ်ဆိုရင် Self-rule တွေ ထားဖို့လိုတယ်။ DOs & DON’Ts Lists တွေ သတ်မှတ်ဖို့လိုတယ်။ ဘဝအတွက် လုပ်သင့်တဲ့အရာတွေ လုပ်ပြီး၊ မလုပ် သင့်တဲ့အရာတွေ ရှောင်နိုင်ဖို့လိုတယ်။ ဖေ့စ်ဘုတ်၊ တယ်လီဂရမ်တွေ လျှော့ပေါ့အသုံးပြုမယ်။ ဘဝအတွက်အဓိပ္ပာယ်မရှိတဲ့ Nonsense တွေ၊ ပျင်းရိအချိန်ဖြုန်းတာတွေ မလုပ်တော့ဘူး။ နာရီပေါင်းများစွာ ဂိမ်းကစားတာတွေ မလုပ်တော့ဘူး။ မူးယစ်နွံထဲကျွံမကျအောင် ပရမ်းပတာ အပေါင်းအသင်းတွေကို ကျောခိုင်းလိုက်မယ်။ အသုံးအစွဲ စိစစ်တော့မယ်။ သူများဆီက အချောင်လိုချင်တဲ့စိတ်တွေ ဖယ်ရှားပစ်မယ်။ ကျန်းမာရေးနဲ့ မညီညွတ်ဘဲ ဖြစ်သလိုစားတာ တွေ ရပ်တန့်မယ်။
ဒီအရာတွေအားလုံးကို DON’Ts Lists ထဲ ထည့်ထားဖို့လိုတယ်။ ဒါမှ လူဟာ ပိုကောင်းချင်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းချင်တဲ့စိတ်ဆန္ဒရှိနေသရွေ့တော့ လူကောင်းသူကောင်း ဖြစ်နေမှာပါပဲ။
(“အတ္တသမ္မာပဏိဓိ (Right Determination for Yourself)” ဆောင်းပါးမှကောက်နုတ်ချက်)
ဒီစာအုပ်မှာ ဗုဒ္ဓနည်းကျ Personal Growth၊ ဗုဒ္ဓနည်းကျ Personality နဲ့ ဗုဒ္ဓနည်းကျ Spiritual Growth ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကိုယ့်ရဲ့လက်တွေ့ဘ၀အတွက်၊ တစ်နည်း ပိုကောင်းတဲ့အနာဂတ်ဘ၀အတွက် အကျိုးရှိရှိဘယ်လိုအသုံးချမလဲဆိုတာကို ဝေမျှထားတဲ့စာအုပ်လို့ပြောရပါမယ်။
| စာမျက်နှာ | 254(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2025 ၊ ဧပြီလ(ပထမအကြိမ်) |
20 in stock








အမည်မသိ –
Good