ငါ့ကိုယ်ငါပြောင်းလဲခြင်း

( 0 မှတ်ချက်)

12000 (ကျပ်)

ဒီစာအုပ်က ဘဝမှာ အနာဂတ်ပျောက်ဆုံးနေတဲ့လူငယ်တွေ၊ စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ Self-help အမျိုးအစားထဲက စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

ဒီစာအုပ်က အပျင်းပြေခဏတဖြုတ် ဖတ်ဖို့စာအုပ်မဟုတ်သလို၊ ဖတ်ပြီးသွားတဲ့အခါ မေ့ပစ်ထားရမယ့် စာအုပ်လည်းမဟုတ်ဘူး။ ဒီစာအုပ်ဖတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးတတ်လာလိမ့်မယ်။ “နေ့တိုင်း ငါဘာတွေလုပ်နေသလဲ။ ပြီးတော့ ငါ ဘာတွေပြောင်းလဲဖို့ လိုပြီလဲ။” ဒီလို ကိုယ့်ကိုယ်ကို မေးတတ်လာတဲ့အခါ ကိုယ့်မှာပညာရေးအားနည်းနေရင် စိတ်ပူစရာမလိုဘူး။ Self-educated ဖြစ်လာဖို့ ဒီစာအုပ်က လမ်းညွှန်ပေးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာ မကုန်ခန်းနိုင်တဲ့ သင်ခန်းစာတွေ နေ့စဥ်ပေးနေတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပညာတတ်တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့လိုအပ်တယ်။

ဆင်းဆင်းရဲရဲမွေးလာခဲ့တာ ကိုယ့်အဖြစ်မဟုတ်ပေမယ့် တစ်သက်လုံးဆင်းဆင်းရဲရဲနေသွားတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အပြစ်ပါပဲ။ဒါကြောင့် အနာဂတ်မှာ ပိုကောင်းမွန်တဲ့ ဘဝတစ်ခုဖြစ်လာ‌အောင် ဘယ်လိုစီးပွားရေးတွေမှာ ပိုပြီးရင်းနှီးမြှုံနှံသင့်သလဲ။ ငွေကို ဘယ်လိုစီမံခန့်ခွဲသင့်သလဲ။ ငွေကြေးပြည့်စုံခြင်းဟာ လူရာဝင်ခြင်းတစ်မျိုးပဲ။ ဒါကြောင့် ငွေရှိဖို့လိုတယ်။

ဘဝပျော်ရွှင်မှုဆိုတာ ငွေကြေးတစ်ခုတည်းအပေါ်မှာ မှီတည်နေတာ မဟုတ်ဘူး။ ကျန်းမာရေးကောင်းမွန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရှိနေမှ စစ်မှန်တဲ့ပျော်ရွှင်မှုက တကယ်ရမှာ။ စစ်မှန်တဲ့ပျော်ရွှင်မှုက Inner world မှာပဲ အမှန်တကယ်ရှိနေတာ။

21 ရာစုက လူတွေဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့လာတယ်။ ထိလွယ်၊ရှလွယ် ဖြစ်လာတယ်။ ခံနိုင်ရည်တွေ လျော့ပါးလာတယ်။

ဒါကြောင့် စိတ်ရဲ့အေးချမ်းတည်ငြိမ်မှုကို ရှာဖို့လိုအပ်တယ်။ တကယ်တော့ ငြိမ်းချမ်းတဲ့စိတ်က အတွင်းအဇ္စျတ္တမှာပဲ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ ကြည့်နေကျ၊ မြင်နေကျ မှန်ပြောင်းထဲကနေ မြင်နေရတဲ့လောကကြီးထဲက ခဏတဖြုတ်ရုန်းထွက်ပြီး ကိုယ်မမြင်နိုင်သေးတဲ့ ဖြစ်တည်မှုသဘာဝတရားကို တွေ့အောင်ရှာကြည့်ဖို့ အကြံပြုထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်။

ပညာရေး၊ စီးပွားရေ၊ ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ စစ်မှန်တဲ့ဘဝရဲ့ ပျော်ရွှင်မှု၊ ငြိမ်းအေးမှု၊ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ လူအများ Definition ဖွင့်သလိုမဟုတ်ဘဲ ဒီစာအုပ်ကတိတိကျကျလမ်းညွှန်ပေးထားတဲ့ စာပေဟင်းလေးအိုးကြီး။ ” ငါ့ကိုယ်ငါ ပြောင်းလဲခြင်း ” စာအုပ်လေးဟာ ဖတ်ရတာ တန်လိုက်တာ။

ကိုယ့်ကမ္ဘာငယ်လေးကိုပဲ လှပအောင် မိမိကိုယ်တိုင်ဖန်တီးပြုပြင်လိုက်မယ်ဆိုရင် တခြားကမ္ဘာငယ်လေးတွေအားလုံးလည်း ကိုယ်စီလှပလာပါလိမ့်မယ်။ ဒီတော့ ” ငါ့ကိုယ်ငါ ပြောင်းလဲဖို့ပဲ ” လိုပါတယ်။

စာမျက်နှာ

317

စာအုပ်အရွယ်အစား

5.6 x 0.9 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ 2023 စက်တင်ဘာလ

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငါ့ကိုယ်ငါပြောင်းလဲခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အံ့ဘုန်းခန့်ကျော် စာအုပ်များ