အစ်ကိုညီပုလေး

( 0 မှတ်ချက်)

7500 (ကျပ်)

ဆရာမြေချစ်သူရဲ့ လွမ်းသူရဲ့ပွဲ ကဗျာလေးကို သတိရနေမိပါတယ်။
လွမ်းသူဟာ..
လူယောက်ျား၊ လူမိန်းမ
ကြယ် လ ကဗျာ
ကာလသုံးပါး ငှက်များပျံခြင်း
နှင်းဆီခင်းရသ ဒေါသတရား
စကားမေတ္တာ ခန္ဓာကိုယ်
အို..ဘာကိုမှ သတ်သတ်မှတ်မှတ်
ရွေးချယ် ပညတ်ခြင်းမရှိဘဲ
လွတ်လပ်စွာ လွမ်းသူ ဖြစ်တယ်။

အစ်ကို ညီပုလေးကို လွမ်းဆွတ်ပြီး အစ်ကိုနဲ့ ဆုံစည်း၊ လျှောက်ခဲ့တဲ့လမ်းတွေဆီ စိတ်က စီးမျော သွားနေမိတယ်။ သည် အလွမ်းတွေကို ရက် ၄၀ တိတိ နေ့စဉ် ရေးခဲ့ပါတယ်။ အခုတော့ အစ်ကို ကွယ်လွန်ခြင်း တစ်နှစ်ပြည့် မှာ ဒီစာအုပ်လေး ထွက်လာပါတယ်။ အချိန်မတိုင်သေးဘဲ ထွက်ခွာသွားရသူ အစ်ကို့ကို ချစ်ခင်၊ လေးစား၊ တန်ဖိုးထားရသူများအတွက် အလွမ်းပြေပေါ့။ ( တကယ်တော့ ဖတ်ပြီး ပိုလွမ်းမှာပါလေ) ဒီစာအုပ်လေးမှာ အမှတ်တရ ဓာတ်ပုံ တချို့လည်းပါဝင်ပါတယ်။ ပိုလို့လွမ်းရမှာပါပဲ…

ဒီစာအုပ်ဟာ ညီတစ်ယောက်က အစ်ကို တစ်ယောက်ကို လွမ်းဆွတ်ရင်း ဆရာညီပုလေးရဲ့ စိတ်၊ လုံ့လ၊ အနုပညာနဲ့ လျှောက်ခဲ့၊ ဖောက်ခဲ့တဲ့ လမ်းကလေးတွေကိုလည်း မှုန်ရေးရေး ထည့်ရေးထားတာကိုလဲဖတ်ရှုရမှာဖြစ်ပါတယ်။

စာမျက်နှာ

169

စာအုပ်အရွယ်အစား

5.5 x 0.3 x8.3 inches

ပုံနှိပ်မှတ်တမ်း

The Book Town၊ 2024 ဇွန်လ (ပထမအကြိမ်)

46 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အစ်ကိုညီပုလေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရဲသျှမ်း စာအုပ်များ