စစ်မြေပြင် အဆုံးမဲ့တွင်…

( 0 မှတ်ချက်)

20000 (ကျပ်)

ဗီယက်နမ်နိုင်ငံမှာ ဗီယက်နမ်ပြည်သူတွေ ထုတ်ဝေဖတ်ရှုခွင့်မရှိတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။ ဘာစာအုပ်လဲလို့မေးရင် ဗီယက်နမ်စစ်ပြန်စာရေးဆရာမ ဂျွမ်သူဟွန်(Duong Thu Huong) ရေးသားတဲ့ Novel Without A Name စာအုပ်ပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ထုတ်ဝေဖတ်ရှုခွင့်မရှိတဲ့စာအုပ်က နိုင်ငံတကာကမ္ဘာကျော်စာအုပ်တွေကြားထဲမှာ အအောင်မြင်ဆုံးစာအုပ်အဖြစ်မှတ်တမ်းဝင်ထားပါတယ်။

မူရင်းစာရေးသူ ‘ဂျွမ်’ က ကားလ်မာ့စ်ရဲ့အတွေးအခေါ်ကိုအခြေမှကိုင်လှုပ်ပြီး အတိတ်နဲ့ပစ္စုပ္ပန်ကို လွန်းထိုး စိတ်အလျင်အတိုင်း၊ အရှိတရားကိုမလိမ်ညာစတမ်း တရကြမ်းရေးသားထားတဲ့စာအုပ် ဖြစ်သလို Prince Claus Foundation Award & the Grinzane Cavour Literary Award ဆုတို့ကို သိမ်းပိုက်ရရှိထားတဲ့ စာအုပ်လည်းဖြစ်ပါတယ်။

ဗီယက်နမ်စာရေးဆရာမ “ဂျွမ်သူဟွန်” Drong Thu Huong ဟာ ၁၉၈၉ ခုနှစ်မှာဗီယက်နမ်ကွန်မြူနစ် ပါတီကနေနှင် ထုတ်ခံလိုက်ရပါတယ်။ ပြည်ပခရီးသွားလာခွင့်၊ စာရေးသားခွင့်၊ ဗီယက်နမ်အစိုးရရဲ့ အကျင့်ပျက်လာဘ်စားမှုတွေအကြောင်း ပြောဆိုဝေဖန်ခွင့်အပိတ်ပင်ခံရပြီး ‘ဂျွမ်’ဟာ စစ်နဲ့အတူကြီးပြင်း လာသူဖြစ်ပါတယ်။ သူ့အသက်(၂၀) အရွယ် ကောလိပ်ကျောင်းသူဘဝကစပြီး အမေရိကန်တို့ကို အန်တုတွန်းလှန်တဲ့ ရှေ့တန်းစစ်သမီးတပ်ဖွဲ့ထဲ စေတနာ့ဝန်ထမ်းအဖြစ် အမှုထမ်းခဲ့ပြီး စစ်အတွင်းက ဗုံးကြဲအခံရဆုံးနယ်မြေ Binh Tri Thien ရဲ့ တောကြီးမျက်မည်းထဲ၊ လိုဏ်တွင်းတွေထဲ ခုနစ်နှစ်ကြာအောင် စစ်မှုထမ်းခဲ့သူ ဖြစ်ပါတယ်။

‘ဂျွမ်’ဟာဒဏ်ရာရ စစ်သားတွေကို ပြုစုခြင်း၊ ကျဆုံးစစ်သားများကို မြှုပ်နှံခြင်း၊ စစ်သည်တော်တို့ စစ်ထွက်ရာ နောက်ကိုလိုက်ရခြင်း စတဲ့တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ လူ ၄၀ လောက်ပါဝင်တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ထဲ အသက်ရှင်ကျန်သူသုံးယောက်ထဲ ‘ဂျွမ်’လည်းပါဝင်ခဲ့ပါတယ်။ ဗီယက်နမ် ကွန်မြူနစ်အစိုးရကို ဝေဖန်တိုက်ခိုက်လာတဲ့ ‘ဂျွမ်’က စစ်ရဲ့ခါးသီးမှုကိုဂဃဏနသိသူ။ စစ်မြေပြင်မှာကြာညောင်းရက်ရှည်ခဲ့သူ။ ‘ဂျွမ်’ ရေးသားတဲ့ Novel without a name ဆိုတဲ့ စာအုပ်က စစ်ရဲ့အရှိတရားကို ပြောင်မြောက်စွာဖွင့်ဆိုပြနေခြင်းဖြစ်တယ်လို့ မြန်မာပြန်ဆိုသူဆရာမဝင့်ပြုံးမြင့်က သုံးသပ်ပါတယ်။

“လူသားကို စစ်ကခြယ်လှယ်ကျွန်ပြုသွားသည်။ ထိုအခါ လူ့ရပ်၊ လူ့ရွာ၊ လူ့ဘုံ သည် စစ်ဟူသော ဝဲဩဃ အောက်သို့သက်ဆင်းကာ စစ်၏စိုးမိုးခြယ်လှယ်ခြင်းကို မနုဿလူသားကခံစားရသည်။ စစ်မြေတလင်း ကိုလွန်၍ အနာဂတ်ကိုပုံစံဖော်၊ စိတ်ကူးယဉ်ကြည့်မယ်” ဆိုရင် ဆရာမဝင့်ပြုံးမြင့်ရဲ့ ပြောင်မြောက်တဲ့ ဘာသာပြန် စာပေလက်ရာတွေထဲက စာအုပ်ကောင်းတစ်အုပ်အဖြစ်ကျန်ရစ်မယ့် “စစ်မြေမြင့်အဆုံးမဲ့ တွင်” စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

289 (woodfree Paper)

စာအုပ်အရွယ်အစား

5.3 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဂျာနယ်လစ်စာပေ၊ 2026 ဧပြီလ (ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စစ်မြေပြင် အဆုံးမဲ့တွင်…” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဝင့်ပြုံးမြင့် စာအုပ်များ