ဘယ်… ဘယ်ကို… ဘယ်ကိုရယ်ခွဲ… ရင်ကိုခွဲလို့…

( 0 မှတ်ချက်)

3000 (ကျပ်)

တစ်စုံတစ်ယောက်ရဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်းခံရရင် ဘယ်လို ခံစားရမလဲ။ နှလုံးသားရဲ့ အနီးတဝိုက်က နာကျင်ရခြင်းဒဏ် ပိုခံစားရပေမပေါ့။

တိုင်းပြည်တစ်ခုရဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်းခံရတယ်ဆိုရင်ကော။

မြန်မာပြည်ရဲ့ နှလုံးသည်းပွတ်တစ်ခုဖြစ်တဲ့ ဝါးစိမ်းတောင်မှာ သတ္တုတူးဖော်ရေးလုပ်ငန်း အကျိုးဆက်ကြောင့် နာကျင်ခံစားခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်။

ဧရာဝတီ မြစ်ကြီးထဲကို တစ်ဆင့်ခံ စီးဝင်သွားတဲ့ ယမားချောင်းဘေးက ဘဝတွေ။ အဲဒီ ဘဝတွေရဲ့ ကြမ်းတမ်းခက်ထရော် ဖြစ်မှုဟာ နိုင်ငံခြားသားတွေရဲ့ ကိုယ်ကျိုးကြည့် လုပ်ရပ်တွေကြောင့် ပိုဆိုးလာရတယ်။ ရင်ဖွင့်တတ်သူတွေကြောင့် တစ်နိုင်ငံလုံးလည်း သိလာခဲ့ရတယ်။

ရွှေရှာသူရှာ ၊ ထန်းတက်သူတက်နဲ့ အေးချမ်းလှတဲ့ ယမားချောင်း ဘေး ​ကြေးသိုက်ရွာလေးက မိဘမဲ့ အေးသီတာတို့ မောင်နှမ အပေါ်မှ ကံကြမ္မာက ကွက်ကြားမိုး ရွာသွန်းဖြိုးခဲ့လေလား။

ယမားချောင်းမှာ မိုးတွေ သည်းသည်းမည်းမည်း ရွာခဲ့သော ထိုတစ်နေ့။ ထိုတစ်နေ့ဟာ အေးသီတာတို့ မိသားစု ဘဝလေး ရေစုန်မျောခဲ့ရသော နေ့ ဖြစ်ရတယ်။ ​ရွှေအရှာသွားတဲ့ အဖေ အိမ်ပြန်မလာတော့ဘူးလေ ။

ပညာရေးမှာ ထူးချွန်လောက်တဲ့ ဉာဏ်အရည်အသွေးရှိသူ မောင်ငယ်လေး ပညာတတ် ဖြစ်စေဖို့ အေးသီတာဆိုတဲ့ အညံ့ပန်းလေး ရွေးစရာ တစ်လမ်းပဲ ကျန်တော့တယ်။

ဂမ္ဘီရ ပစ္စည်းဆန်းတွေ အရောင်းအဝယ်လုပ်တဲ့ ဦးလေးဝမ်းကွဲ ရှိရာ ယင်းမာပင်မြို့ကို သူတို့မောင်နှမ ရောက်ခဲ့ရတယ်။

စဉ်းစားတွေးခေါ်ဉာဏ်မရှိ၊ နုပျို စိုပြည်တဲ့ အလှတရားပဲရှိတဲ့ အေးသီတာ ဆိုတဲ့ အရိုင်းပန်းလေးရဲ့ ရင်နာစရာ အဖြစ်ကပဲ ​ကြေကွဲစရာ ကောင်းလား သတ္တုတူးဖော်ရေး လုပ်ကွက်တွေ​ကြောင့် ပျက်စီးခဲ့ရတဲ့ ရွာသူရွာသားတွေပဲ သနားစရာ ကောင်းသလား ဆိုတာ …။

စာမျက်နှာ

367

စာအုပ််အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ၊ 2020၊ ဩဂုတ်လ (ပ-အကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘယ်… ဘယ်ကို… ဘယ်ကိုရယ်ခွဲ… ရင်ကိုခွဲလို့…” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

၀င့်ပြုံးမြင့် စာအုပ်များ