အသက်ဆက်အားအင်

( 0 မှတ်ချက်)

10000 (ကျပ်)

မမျှော်လင့်ဘဲ ခင်ပွန်းသည် ရုတ်တရတ် ကွယ်လွန်သွားခဲ့ရာမှ သူနှင့် သူ့ကလေးများ မည်သည့်အခါမျှ ပျော်ရွှင်မှုရရှိတော့မည် မဟုတ်ဟု ရှယ်ရဲလ် မှတ်ထင်ခဲ့မိ၏။ ဝှာတန် တက္ကသိုလ်မှ စိတ်ပညာပါမောက္ခအဒမ်ဂရန့်က ဘဝတစ်ခုလုံး အစိပ်စိပ်အမြွှာမြွှာ ကျေပျက်လုနီး အတွေ့အကြုံမျိုးနှင့် ကြုံရသူတို့သည် ထိုအခြေအနေမှ ပြန်လည်နာလန်ထူ တိုးတက်လာနိုင်ရန် ခိုင်မာမြဲမြံသော လုပ်ငန်းစဉ်အဆင့်ဆင့် လိုအပ်ကြောင်း ပြောပြခဲ့၏။ ဇွဲသတ္တိအားမာန်ဆိုသည်မှာ ပုံသေသတ်မှတ် မွေးဖွားလာခြင်းမဟုတ်ဘဲ ကြွက်သားများကဲ့သို့ လူတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးအောင်တည်ဆောက်နိုင်သည့် အရာသာဖြစ်ပေသည်။

 

ယခုစာအုပ်မှာ ရှယ်ရဲလ်၏ ကိုယ်ပိုင်အတွေးအမြင်များကို အဒမ်၏ အမြင်ကျယ်စေသည့် သုတေသနများနှင့် ပေါင်းစပ်ရေးသားထားသော စာအုပ်ဖြစ်သည်။ အဒမ်က ဒုက္ခမျိုးစုံနှင့် ရင်းနှီးခဲ့သော လူတန်းစားပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် သုနေသနပြု စူးစမ်လေ့လာခဲ့၏။ ရောဂါသည်များ၊ အလုပ်ပြုတ်သူများ၊ လိင်အကြမ်းဖက်ခံရသူများ၊ သဘာဝဘေးဒုက္ခဒဏ်ခံရသူများ၊ စစ်ဘေးစစ်ဒဏ်သင့်သူများ၊ မည်သို့မည်ပုံ ဇွဲခတ်သည်းခံနိုင်ခဲ့ပုံကို အသေအချာ မေးမြန်းလေ့လာခဲ့၏။ ၎င်းတို့၏ အဖြစ်သနစ်စုံက လူသားတို့၏ တင်းခံထားနိုင်သော ဇွဲသတ္တိနှင့် စိတ်ချမ်းသာ ပျော်ရွှင်မှုကို ပြန်လည်ခံစားနိုင်သော စိတ်အင်အားစွမ်းရည်ကို ဖော်ပြနေသည်။

 

ဤစာအုပ်ပါ အကြောင်းအရာများက အခက်အခဲဒုက္ခနှင့် ရင်ဆိုင်တွေ့နေသူများကို  မည်သို့ ကူညီရမည်၊ မိမိကိုယ်မိမိလည်း မည်သို့ ကရုဏာထားရမည်၊ စိတ်ဓာတ်ခိုင်မာသော ကလေးများဖြစ်အောင် မည်သို့ မွေးမြူစောင့်ရှောက်ပေးမည်၊ ဒုက္ခဆင်းရဲကို သည်းခံရင်ဆိုင်နိုင်စွမ်းရှိသော မိသားစုများ၊ လူ့အဖွဲ့အစည်းများ၊ လုပ်ငန်းခွင်များဖြစ်အောင် မည်သို့ ဖန်တီးရမည်ကို ညွှန်ပြပေးသည်။

 

ကျွန်န်ုပ်တို့အားလုံးမှန်းခြေ မပေါက်လျှင် ဖြစ်မြောက်သည့် နည်းလမ်းဖြင့် လမ်းရှာရမြဲဖြစ်သည်။ ဤစာအုပ်က နည်းလမ်းကောင်း ရှာဖွေနိုင်ရေးကို ကူညီပေးပါလိမ့်မည်။

စာမျက်နှာ

248

စာအုပ်အရွယ်အစား

6 x 0.4 x 8.9 inches

ပုံနှိပ်မှတ်တမ်း

Wisdom House စာပေ 2019 စက်တင်ဘာလ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

31.10.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 10000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အသက်ဆက်အားအင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နတ်မောက်အနီချို စာအုပ်များ