မောင်လေးကောက်ရ

( 0 မှတ်ချက်)

3500 (ကျပ်)

.          ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး၊ ရွာကလေးတစ်ရွာရှိ မိဘမဲ့မိန်းကလေးဂေဟာသို့ စွန့်ပစ်ယောက်ျားလေးတစ်ဦး ရောက်ရှိလာပုံနှင့် အစပြုကာ ကလေးများကို စောင့်ရှောက်သူတို့၏ အကြင်နာမေတ္တာ၊ ကလေးအချင်းချင်းကြားမှ ခိုင်မြဲသောသံယောဇဉ်၊ ကရုဏာသက်စရာ မိဘမဲ့လေးများ၏ဘဝကို နှစ်သက်စဖွယ် ရေးခြယ်ထားသည်။ ရယ်မောခြင်းတစ်ဝက်၊ ပြုံးစရာဖက်ကာ ရင်နင့်လှိုက်လှဲမျက်ရည်ဝဲစရာဖြစ်သော်လည်း ပေါ့ပါးသွက်လက်သော တင်ပြပုံကြောင့် ဇာတ်ကောင်တို့၏စရိုက်မှာ အံဝင်ခွင်ကျ ရုပ်လုံးကြွ၍ နေသည်။
ကျွန်မသည် ငယ်စဉ်ကပင် ပုံပြင်နှစ်သက်စွဲလမ်းသူ၊ အသက်နည်းနည်းရလာတော့ ပုံပြောချင်သူ၊ အသက်ရင့်လာတော့ ပုံပြင်ရေးသူ၊ အသက်ထောက်လာသည့် ယခုအရွယ်မှာပင် ပုံပြင်တောထဲ ဝဲလည်နေဆဲဖြစ်လေရာ ကျွန်မအကြိုက် ဤကလေးစာပေ အဖိုးတန်လေးကို ”အစားကောင်းစားရလျှင် ချစ်ခင်သူကို သတိရ”သော ထုံးစံနှင့်အညီ စာချစ်သူတို့အတွက် လက်ဆင့်ကမ်း လက်ဆောင်ပြုလိုက်ခြင်းမျှသာ ဖြစ်ပါသည်။
အိုဟောင်းနေသော မိဘမဲ့ဂေဟာ၌ ချို့တဲ့စွာနေထိုင်ရသည့်တိုင် မေတ္တာ၊ စေတနာ၊ အကြင်နာ၊ မုဒိတာတရားတို့ဖြင့် ပြိုးပြက်ဝင်းလက်နေသော လူသားဆန်သည့် လူ့အဖွဲ့အစည်းငယ်လေး၏ အနေအထားကို အသည်းကြားက နှစ်နှစ်ကာကာ ခံစား နားလည် စဉ်းငယ်မျှ ကရုဏာသက် ဖြစ်သည်ဆိုပါလျှင် … ဤစာကို ကျွန်မ ဘာသာပြန်ရကျိုးနပ်သည် ဟု ဆိုချင်ပါသည်။

စာမျက်နှာ

98

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ 2023 ဇူလိုင်လ (ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မောင်လေးကောက်ရ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နတ်မောက်အနီချို စာအုပ်များ