ရွှေခေတ် ဂန္တဝင်မင်းသား မင်းသမီးများ

( 1 မှတ်ချက်)

5000 (ကျပ်)

ပြည်သူ့အသည်းစွဲ အနုပညာရှင်များ
ဂန္တဝင် ရုပ်ရှင်အနုပညာရှင်များနှင့်
မြန်မာ့ရုပ်ရှင်ဂန္တဝင်ရွှေခေတ်အကြောင်း…
ဤစာအုပ်နှစ်အုပ်သည် မြန်မာ့ရုပ်ရှင် ရွှေခေတ် ဂန္တဝင် ရုပ်ရှင်မင်းသား၊ မင်းသမီးများဟု ဆိုထားသည့် အတွက် ငွေရတုကာလ (၁၉၂၀-၁၉၄၅)၊ ရွှေရတုကာလ (၁၉၄၆-၁၉၇၀)၊ စိန်ရတုကာလ (၁၉၇၁-၁၉၉၅)ဖြစ်သော ထိုကာလသုံးခုအတွင်း တွေ့မြင်သမျှ၊ ကြုံဆုံခဲ့သမျှ ဂန္တဝင်ရုပ်ရှင်မင်းသား၊မင်းသမီးအကြောင်းကို တစ်စိတ်တစ်ပိုင်း အတ္ထုပ္ပတ္တိဆန်ဆန် ပုံဖော်ရေးသားထားပါတယ်။ မြန်မာ့ရုပ်ရှင်ရွှေခေတ် ဟုဆိုထားပြီး ရုပ်ရှင် အဖြူအမည်းခေတ်ကိုသာ အဓိက မီးမောင်းထိုးပြထားသည်။

ဤစာအုပ်စီစဉ်သူ မောင်နေကြည်၏ ရွှေခေတ် မင်းသား၊မင်းသမီးများ၏ ပုံတူပန်းချီလက်ရာများနှင့် သူ၏ရှာရှာဖွေဖွေ စုဆောင်းထားသည့် ရုပ်ရှင်ကားမှတ်တမ်းများကို ဖော်ပြထားသည်။ သရုပ်ဆောင်များ၏ အတ္ထုပ္ပတ္တိ အပြည့်အစုံမဟုတ်သော်လည်း ကောက်ကြောင်းပုံစံ တစေ့တစောင်း အပြင် ရှားရှားပါးပါး ပိုစတာ (လက်ကမ်းကြော်ငြာ) များ၊ ရုပ်ရှင်ကြော်ငြာစာ အသုံးအနှုန်း၊စာအလင်္ကာများနှင့် သရုပ်ဖော် ပန်းချီဆရာများ၏ လက်ရာ ရုပ်ရှင်ပိုစတာများကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။
အတွဲ (၁) နှင့် အတွဲ (၂) အဖြစ်ထွက်ရှိထားပြီး
အတွဲ (၁)တွင် ခင်မောင်ရင်၊ ကျော်ဆွေ၊ ရွှေဘ၊ မြတ်လေး၊ ကောလိပ်ဂျင် နေဝင်း၊ ဝင်းဦး၊ ဇော်ခင်၊ ဇော်လွင်၊ ညွှန့်ဝင်း၊ စိုးရွှေ၊ ကြည်ကြည်ဌေး၊ မြင့်မြင့်ခင်၊ ခင်ယုမေ၊ ခင်သန်းနု နှင့်
အတွဲ(၂)တွင် ထွန်းဝေ၊ စံရှားတင်။ ဖိုးပါကြီး၊ မောင်သင်၊ ဝင်းညွှန့်၊ တွံ့တေးသိန်းတန်၊ ဝါဝါဝင်းရွှေ၊ တင်တင်နွဲ့၊ ဒေစီကျော်ဝင်း၊ စိန်မြင့်၊ ဇော်ဝမ်း၊ စံတင်၊ ဌေးဝင်း၊ ရှုမ၀ စမ်းစမ်းအေး၊ စန္ဒာ၊ အေးအေးသင်း၊ ကျော်ဟိန်း စသည့် နာမည်ကျော် မင်းသား၊ မင်းသမီးများ ပါဝင်ပါသည်။

စာမျက်နှာ

272

စာအုပ်အရွယ်အစား

7.5 x 0.5 x 10.1 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်စာပေ၊၊ 2018 ဇွန်လ(ပ-ကြိမ်)

Out of stock

ရွှေခေတ် ဂန္တဝင်မင်းသား မင်းသမီးများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Hein Thway Oo

    ရွှေခေတ် ဂန္ထဝင် မင်းသားမင်းသမီးများရဲ့ အကြောင်းအရာ အစုံအလင်ကို စာရေးသူကိုယ်တိုင်ရေးသားသော ပန်းချီလက်ရာများအပြင် ရုပ်ရှင်ပိုစတာများ ဖြင့် ဝေဝေဆာဆာ ရေးသားဖော်ပြ‌ထားသောကြောင့် ဂန္ထဝင်ရုပ်ရှင်ချစ်ပရိသတ်များ ဝယ်ယူသိမ်းဆည်းထားသင့်သော စာအုပ်လေး ဖြစ်ပါကြောင်း

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မောင်နေကြည် စာအုပ်များ