ရွှေခေတ်ဂန္ထဝင် ရုပ်ရှင်ဇာတ်ဆောင်များနှင့်ဇာတ်ပို့ဇာတ်ရံအကျော်အမော်များ(၃)
14000 (ကျပ်)
ပြည်သူ့အသည်းစွဲ အနုပညာရှင်များ
ဂန္တဝင် ရုပ်ရှင်အနုပညာရှင်များနှင့်
မြန်မာ့ရုပ်ရှင်ဂန္တဝင်ရွှေခေတ်အကြောင်း…
မြန်မာ့ရုပ်ရှင် ရွှေခေတ် ဂန္တဝင် ရုပ်ရှင်မင်းသား၊ မင်းသမီးများဟု ဆိုထားသည့် အတွက် ငွေရတုကာလ (၁၉၂၀-၁၉၄၅)၊ ရွှေရတုကာလ (၁၉၄၆-၁၉၇၀)၊ စိန်ရတုကာလ (၁၉၇၁-၁၉၉၅) ဖြစ်သော ထိုကာလသုံးခုအတွင်း တွေ့မြင်သမျှ၊ ကြုံဆုံခဲ့သမျှ ဂန္တဝင်ရုပ်ရှင်မင်းသား၊ မင်းသမီးအကြောင်းကို တစ်စိတ်တစ်ပိုင်း အတ္ထုပ္ပတ္တိဆန်ဆန် ပုံဖော်ရေးသားထားပါတယ်။ မြန်မာ့ရုပ်ရှင်ရွှေခေတ် ဟုဆိုထားပြီး ရုပ်ရှင် အဖြူအမည်းခေတ်ကိုသာ အဓိက မီးမောင်းထိုးပြထားသည်။
ဤစာအုပ်စီစဉ်သူ မောင်နေကြည်၏ ရွှေခေတ် မင်းသား၊မင်းသမီးများ၏ ပုံတူပန်းချီလက်ရာများနှင့် သူ၏ရှာရှာဖွေဖွေ စုဆောင်းထားသည့် ရုပ်ရှင်ကားမှတ်တမ်းများကို ဖော်ပြထားသည်။ သရုပ်ဆောင်များ၏ အတ္ထုပ္ပတ္တိ အပြည့်အစုံမဟုတ်သော်လည်း ကောက်ကြောင်းပုံစံ တစေ့တစောင်း အပြင် ရှားရှားပါးပါး ပိုစတာ (လက်ကမ်းကြော်ငြာ) များ၊ ရုပ်ရှင်ကြော်ငြာစာ အသုံးအနှုန်း၊ စာအလင်္ကာများနှင့် သရုပ်ဖော် ပန်းချီဆရာများ၏ လက်ရာ ရုပ်ရှင်ပိုစတာများကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။
အတွဲ (၁) ၊အတွဲ (၂)၊ အတွဲ (၃) အထိထွက်ရှိထားပြီး
အတွဲ (၁)တွင် ခင်မောင်ရင်၊ ကျော်ဆွေ၊ ရွှေဘ၊ မြတ်လေး၊ ကောလိပ်ဂျင် နေဝင်း၊ ဝင်းဦး၊ ဇော်ခင်၊ ဇော်လွင်၊ ညွှန့်ဝင်း၊ စိုးရွှေ၊ ကြည်ကြည်ဌေး၊ မြင့်မြင့်ခင်၊ ခင်ယုမေ၊ ခင်သန်းနု နှင့်
အတွဲ(၂)တွင် ထွန်းဝေ၊ စံရှားတင်။ ဖိုးပါကြီး၊ မောင်သင်၊ ဝင်းညွှန့်၊ တွံ့တေးသိန်းတန်၊ ဝါဝါဝင်းရွှေ၊ တင်တင်နွဲ့၊ ဒေစီကျော်ဝင်း၊ စိန်မြင့်၊ ဇော်ဝမ်း၊ စံတင်၊ ဌေးဝင်း၊ ရှုမ၀ စမ်းစမ်းအေး၊ စန္ဒာ၊ အေးအေးသင်း၊ ကျော်ဟိန်း ….
အတွဲ (၃) တွင် မေသစ်၊ မေနွဲ့၊ တင်တင်မူ၊ ခင်လေးဆွေ၊ သီသီ၊ နှင်းဆီ၊ ထားထားနွယ်၊ တင်တင်လှ၊ တင်တင်ညို၊ ဘေဘီနွဲ့၊ စန်းစန်းဝင်း၊ မြတ်မွန်၊ မြင့်မြင့်ခိုင်၊ နွဲ့နွဲ့မူ၊ ချိုပြုံး၊ မေယု၊ မေဝင်းမောင်၊ ဆွေဇင်ထိုက်၊ ဒေါ်ဂျမ်းစိန်၊ သီတာခင်ထွေး၊ ဒေါ်မြလေး၊ မစိန်ခင်၊ ဒေါ်သိန်းရှင်၊ ဒေါ်ခင်ညွန့်၊ မသန်းရွှေ၊ သိမ်ဖြူမယ် ခင်အေးဟန်၊ ဦးသာဂေါင်၊ ဗိုလ်ဗကို၊ ဦးကျောက်လုံး၊ ဦးသိန်းမောင်၊ သန်းနွဲ့၊ ဂျော်လီဆွေ၊ မျိုးညိမ့်း၊ စောနိုင် (ရှမ်းပြည်)၊ ဝင်းဆွေ၊ အောင်လွင်၊ သိုက်စိုး၊ သန်းဖေလေး၊ အေဝမ်း သိန်းထွဋ်၊ ကိုမြင့်၊ တိုးညွန့်၊ မောင်သန်းဝင်း၊ ဇော်လင်း၊ အံ့ကျော်၊ ချီးဘူး၊ ဇော်မှိုင်း စသည့် နာမည်ကျော် မင်းသား၊ မင်းသမီးများ ပါဝင်ပါသည်။
| စာမျက်နှာ | 224 |
|---|---|
| စာအုပ်အရွယ်အစား | 7.4x 0.4 x 10.4 inches |
| ပုံနှိပ်မှတ်တမ်း | အမြွှာညီနောင်၊ ၂၀၂၃ ဒီဇင်ဘာလ (ပထမအကြိမ်) |
4 in stock







ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ