
အခြားသူများအား တွန်းအားပေးရန်နည်းလမ်း ၁၀၀
3500 (ကျပ်)
ဦးဆောင်သူ၊ စီမံခန့်ခွဲသူနေရာသို့ ရောက်လာသူတိုင်း မလွဲမသွေ ပြုလုပ်ရသည့်အရာမှာ မိမိကိုယ်ကို နှင့် အခြားသူများကို တွန်းအားပေးရခြင်းဖြစ်သည်။ အလုပ်များ အချိန်မီပြီးစီးစေဖို့နှင့် အောင်မြင်မှုပန်းတိုင်ကို ရရှိစေဖို့မှာ မိမိတစ်ဦးတည်း၏အားနှင့် မရနိုင်ပါ။ မိမိ၏လုပ်ဖော်ကိုင်ဖက်များ တက်တက်ကြွကြွရှိပါမှ၊ တစ်နည်းအားဖြင့် အဖွဲ့အစည်းတွင်ပါဝင်သူတိုင်း၏ နှလုံးသားမှလာသည့် တာဝန်ယူသည့်စိတ်၊ အလုပ်လုပ်ချင်စိတ်ရှိပါမှ အောင်မြင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်မည် ဖြစ်ပါသည်။ ထိုသို့သော ပါဝင်သူများကို မွေးထုတ်ပေးနိုင်ဖို့မှာ ဦးဆောင်သူ၊ စီမံခန့်ခွဲမှုလုပ်နေသူတို့၏ အဓိကတာဝန်ဖြစ်သလို အလုပ်ပြီးအောင် တွန်းအားပေးရာတွင်လည်း မည်သို့သော နည်းလမ်းများကို ကျင့်သုံးလိုက်နာမည်ဆိုသည်ကို လက်ကိုင်ထားသည့်အရာတစ်ခုလည်း လိုပါသည်။ ယခုစာအုပ်သည် အဆိုပါလိုအပ်ချက်ကို ခြွင်းချက်မရှိ ဖြည့်ဆည်းလမ်းညွှန်ပေးနိုင်မည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
| စာမျက်နှာ | 235 |
|---|---|
| စာအုပ်အရွယ်အစား | 5 x 0.5 x 8 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2012 မတ်လ၊ (ပ-ကြိမ်) |
1 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ