စာသင်ခန်းထဲကတရားခံ

( 0 မှတ်ချက်)

9000 (ကျပ်)

စာသင်ခန်းတွေထဲမှာ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တဲ့ ဖြစ်ရပ်တချို့နဲ့ စာသင်ခန်းထဲက တရားခံ ..

မူရင်းစာအုပ်ဟာ ဂျပန် ၊ ပြင်သစ် ၊ ထိုင်ဝမ် အစရှိတဲ့ နိုင်ငံ ၅ နိုင်ငံရဲ့ ဘာသာစကားနဲ့ ပြန်ဆိုထားခံရသလို ကိုရီးယားမှာလည်း အုပ်ရေ သိန်းဂဏန်းကျော် ရောင်းချထားရတဲ့ စာအုပ်ဖြစ်ပါတယ် .. စာရေးသူဟာ ကိုရီးယားမှာ ဆယ်ကျော်သက်စာပေဆုအပြင် အခြားသော စာပေဆုတွေကိုလည်း ရရှိထားပါတယ် ..

ဒီစာအုပ်ရဲ့ အစမှာ ဘတ်ဆောအွန်းလို့ ခေါ်တဲ့ ကျောင်းသူတယောက်ရဲ့ 6သဆုံးမှုကို မြင်တွေ့ရမှာပါ ..

သူမရဲ့ 6သဆုံးမှုမှာ အဓိကတရားခံ ဖြစ်နိုင်ချေရှိတယ်လို့ အကုန်လုံးက ဝိုင်းဝန်းစွပ်စွဲတာကို ခံနေရတဲ့သူကတော့ ဘတ်ဆောအွန်းနဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျီဂျူယွန်း ပါ ..

ဒါပေမဲ့ ဇာတ်လမ်းက အဲ့လောက် မရိုးရှင်းနေပါဘူး ..

ဘာသာပြန်သူရဲ့ အမှာစာထဲကလို ဒီစာအုပ်ဖတ်နေရင်း ” ဒီဝတ္ထုထဲမှာပါတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေနဲ့ ကိုယ်စီခံစားချက်တွေကို လိုက်လံခံစားရင်းနဲ့ ဘယ်သူက နစ်နာသူ ၊ ဘယ်သူက ကျူးလွန်သူဆိုတာကိုတောင် မေ့လျော့သွားပြီး ဆယ်ကျော်သက် တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အကြောင်းပြချက် ခံစားချက်တွေ ရှိနေပါလား ” ဆိုတဲ့အချက်ကို သင်လည်း သိမြင်သွားပါလိမ့်မယ် ..

စာမျက်နှာ

160 (Woodfree Paper)

စာအုပ်အရွယ်အစား

5.5× 0.3 ×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ ဇွန်လ ၊ (ပထမအကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စာသင်ခန်းထဲကတရားခံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အီမီဆို စာအုပ်များ