ကြယ်တွေဟာ မင်းအတွက်ပဲ လင်းလက်တောက်ပနေတာပါ

( 0 မှတ်ချက်)

6500 (ကျပ်)

” အချစ်တွေ၊ လူတွေနဲ့ ဘဝတွေကို
စိတ်ကုန်ငြီးငွေ့လိုက်တာ”
ဆိုတဲ့အတွေးနဲ့ အိမ်ကို လှမ်းပြန်လာခဲ့တဲ့
တစ်နေ့မှာ အမှတ်မထင် ကောင်းကင်ကို
မော်ကြည့်လိုက်တော့ မရေမတွက်နိုင်တဲ့
ကြယ်တွေ လင်းလက်တောက်ပနေတာကို
တွေ့လိုက်ရတယ်…..

နေရဲ့ အလင်းပြန်မှုကြောင့် ကောင်းကင်တစ်ခုလုံး
တောက်ပနေတာဆိုပေမယ့်..
အဲဒီတောက်ပနေတဲ့ ကြယ်တွေအားလုံးဟာ
ကျွန်တော့်အတွက် ဖြစ်ရင် သိပ်ကောင်းမှာပဲလို့
တွေးမိလိုက်တာနဲ့ တစ်ပြိုင်နက်..ဟုတ်တယ်
ငါ့အတွက် တောက်ပနေတဲ့ကြယ်တွေပဲလို့
ယုံကြည်လိုက်တယ်…
ဘာမှမဟုတ်တဲ့ စိတ်ကူးလေးတစ်ခုဆိုပေမယ့်
ရုတ်တရတ် ကမ္ဘာကြီးတစ်ခုလုံး ကျွန်တော့်ကို
နှစ်သိမ့်ပေးလိုက်သလို ခံစားလိုက်ရပါတယ်…

ဟုတ်တယ်၊ ငါ့ဘဝဟာ ငါ့အတွက်ပဲ တည်ရှိနေတာ
ငါရဲ့ ညကောင်းကင် ယုံကြည်မှုတွေ တောက်ပနေတာပဲ”
===

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့…
ကိုယ့်ကိုယ်ကိုယ် တောက်ပစေဖို့…
မောပန်းနေတဲ့ ကိုယ့်ကိုယ်ကိုယ်
ရပ်တန့်ဖို့ သတိပေးထားတဲ့
စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်..။

◽ ဒီစာအုပ်လေးဟာ ထူးထူးခြားခြားအနေနဲ့ ရသစာပေ ရေးသားသူ စာရေးဆရာတစ်ဦးက ကိုရီးယားဘာသာမှ မြန်မာဘာသာသို့တိုက်ရိုက် ပထမဆုံး ဘာသာပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်း ကိုရီးယားစာအုပ်အနေနဲ့တုန်းကလည်း အကြိမ်ကြိမ် ပြန်လည်ထုတ်ဝေထားရတဲ့ စာအုပ်ကလေးတစ်အုပ်ဖြစ်ပါတယ်။

◽ ဒီစာအုပ်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မကောင်းတဲ့သူတွေရဲ့ အဝေးကနေ နှစ်သိမ့်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာစေပါတယ်။ စာရေးသူက ကိုယ့်ကိုယ်ကိုယ် ချစ်နည်းကို လွယ်လွယ်ကူကူနဲ့ ချစ်နည်းကို ပြောပြထားပါတယ်။ စာရေးသူသည် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုနှင့် ပျော်ရွှင်မှုကို မပြောပါ။

◽ သူတစ်ပါးကို ခွင့်လွှတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ကြင်နာခြင်း၊ မိမိကိုယ်မိမိ အသိအမှတ်ပြုခြင်း၊ အေးချမ်းစွာနေထိုင်ခြင်းသည် မိမိကိုယ်မိမိပိုချစ်ပြီး မိမိဘဝကို ရှာဖွေရန် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့အကြောင်း ပြောပြထားပါတယ်။

◽ စာအုပ်ထဲမှာ ပါ၀င်တဲ့ အက်ဆေးတစ်ခုချင်းစီတိုင်း အတွေးအေးအေးနဲ့ နွေးထွေးစေမယ့် ခံစားမှုကို ပေးစွမ်းစေမယ့် စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်)

24 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကြယ်တွေဟာ မင်းအတွက်ပဲ လင်းလက်တောက်ပနေတာပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အီမီဆို စာအုပ်များ