ကြွေရင်တူတူကြွေမယ်

( 1 မှတ်ချက်)

6000 (ကျပ်)

…

စာမျက်နှာ

105 (Burma Paper)

စာအုပ်အရွယ်အစား

4.8 x 0.2 x 7 inches

ပုံနှိပ်မှတ်တမ်း

စာပေလောက၊ 2026 အောက်တိုဘာလ (တတိယ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

19.11.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

15 in stock

ကြွေရင်တူတူကြွေမယ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat (verified owner) –

    ကြွေရင် အတူတူကြွေမယ် 🍂

    အခုတလော ဆရာမမိုးမိုး(အင်းလျား)ကို သဘောကျနေတာနဲ့ ဖတ်ဖြစ်တဲ့ စာအုပ်လေးပါ။ ဂီတအနုပညာရှင် တေးရေးဆရာတစ်ယောက်နဲ့ ပရိတ်သတ်တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဇာတ်လမ်းလေး ဖြစ်ပါတယ်။

    》》》ကိုဝေလွင်》》》

    ကဗျာတွေရေးတယ်၊ သီချင်းတွေရေးတယ်၊ အနုပညာကို လွတ်လွတ်လပ်လပ် စီးမျောပြီး စိတ်ပါမှ လုပ်တတ်တဲ့ လူတစ်ယောက်ပေါ့။ ထိုခေတ်အခါက
    အများအမြင်မှာ အနုပညာသမားလို့ ပြောလိုက်ရင် ဘာအလုပ်မှ မလုပ်ဘူးလို့ ထင်ကြတဲ့ ပတ်ဝန်းကျင်အမြင်တွေကြား
    ဘာကိုမှ ဂရုမစိုက်နေလာတဲ့သူ…
    ကိုဝေလွင်ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်တဲ့ဝတ်ရည်ဆီက ပေးပို့လာတဲ့ မိတ်ဆက်စာလေးတစ်စောင်ကို မဖတ်မိခင်အထိပေါ့ကွယ်….။

    မိတ်ဆက်စာလေးထဲက မိန်းကလေးနဲ့
    မေတ္တာမျှသွားကြတယ်ဆိုတော့ အနည်းငယ် လက်တွေ့မကျဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ကျွန်မ အတွေးကျတော့ ချစ်တာထက် စိတ်ဝင်စားတာ ပိုဖြစ်နိုင်တယ်လို့ ယူဆမိတာပါပဲ။

    ဒီလိုနဲ့ ရန်ကုန်သားလေးတစ်ယောက် လားရှိုးအထိ ရောက်အောင်သွားပြီး
    ချစ်ရသူ ဝတ်ရည်နဲ့ တွေ့ဖို့ကြိုးစားလေတော့တယ်။

    ကိုဝေလွင်ထက် စာရင် ဝတ်ရည်တို့အိမ်က အများကြီး ပြည့်စုံတယ်လို့ဆိုရမယ်။
    ကိုဝေလွင်ခမျာ ဦးလေးအိမ်ကပ်နေရ၊
    ဦးလေးမိန်းမဖြစ်သူရဲ့ အထင်သေးပြောဆိုမှုတွေကို ခံရနဲ့ နေနေရတဲ့သူဆိုတော့ လက်တွေ့မှာ နီးစပ်ဖို့ရာ ခက်ခဲတော့တာပဲ…။

    ဝတ်ရည်က ထင်ထားတာထက် စိတ်ဓါတ်အရာမှာ ခိုင်မာတယ်၊ ကိုဝေလွင့် အနုပညာကိုလည်း လေးစားတန်ဖိုးထားတဲ့သူလေးမို့ ချစ်စရာ၊သနားစရာ မိန်းကလေးတစ်ဦးပေါ့…။

    အခြေမတူတဲ့ကြားကနေ နှစ်ယောက်တစ်ဘဝ ပေါင်းစပ်ကြတဲ့အခါ ထင်ထားသလိုပဲ ဘဝဟာ ခက်ခဲနေစမြဲ…
    အရင်ကတော့ ကိုဝေလွင်တစ်ယောက်တည်း… အခုတော့ ဝတ်ရည်အတွက်ပါ
    နှစ်ယောက်စာ ရှာရတော့တယ်။

    ဝမ်းရေးကိုသာ အဓိကထားပြီး လုံးပမ်းကြရလေတော့ အနုပညာကို ကိုယ်ကြိုက်မှ ကိုယ်လုပ်မယ်ဆိုတဲ့ ကိုဝေလွင်တစ်ယောက်ဟာ ငွေရဖို့အရေး ရရာအလုပ်ကိုသာ ဖမ်းဆုပ် လုပ်ကိုင်ရတော့တယ်။

    ထိုခေတ်အခါက ခေတ်ပေါ်ဂီတ၊ အနောက်တိုင်း ဂီတတွေကြားမှာ မြန်မာသံစစ်စစ်တွေ မှေးမှိန်လာရပုံ၊ ခေတ်စနစ်ပေါ်လိုက်ပြီး လူကြိုက်အနုပညာကိုသာ
    ဖန်တီးလာကြရပုံတွေကို မြင်သာအောင်
    ထည့်ပြီး ရေးပြပေးထားတာ တွေ့ရပါတယ်။ဖတ်ရင်း စိတ်မကောင်းဖြစ်မိသလို သက်ပြင်းတွေလည်း ချမိပါသေးရဲ့…။

    ကိုဝေလွင်နဲ့ ဝတ်ရည်တို့နှစ်ယောက် ဘဝအခက်အခဲတွေကို ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်သန်းသွားလဲဆိုတာလေး သိချင်ရင်တော့ စာအုပ်လေးဖတ်ကြည့်ပါနော်🥰

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မိုးမိုး(အင်းလျား) စာအုပ်များ