
ကျေးဇူးရှင်
12000 (ကျပ်)
ဦးနုရဲ့ တာတေစနေသား ဖတ်ဖူးသူတိုင်း ဦးနုငယ်စဉ်က ဘယ်လောက် ပေကြောင်း၊ တေကြောင်း၊ ဆိုးကြောင်း ကောင်းကောင်းမှတ်မိမယ် ထင်ပါတယ်။ အထူးသဖြင့် အလိုလိုက်တဲ့ အဖေကြီးအပေါ်မှာ ဦးနုဟာ သိပ်ဆိုးခဲ့တယ်။ လူတွေရှေ့မှာ အဖေကို ပြန်ပြောနိုင်ရင် ဟုတ်လောက်ပြီထင်ပြီး ဂုဏ်ယူခဲ့ဖူးတယ်။ နောက်များ ဘာသာရေး ကိုင်းရှိူင်းလာတဲ့အခါ မိဘကို စော်ကားတာ ဘယ်လောက် ဒုက္ခများသလဲ ဆိုတာ သိခဲ့တယ်။ နောင်တရခဲ့တယ်။ ဒါကြောင့် ဖခင်ကြီး မသေခင်မှာ အကြိမ်ကြိမ် ဦးချ တောင်းပန်ခဲ့တယ်။ ဒါနဲ့လည်း အားမရသေးဘူး။ ဦးနုဟာ အကျဉ်းကျနေစဉ်အတွင်းမှာ မိဘရဲ့ ကျေးဇူးတရားကိုအထူး အောင့်မေ့လို့ စာအုပ် သုံးအုပ်ရေးခဲ့တယ်။ ငရဲဆိုချိုနဲ့လားဗျို့၊ ကာမတဏှာနဲ့ အခုစာအုပ် ကျေးဇူးရှင်တို့ ဖြစ်ပါတယ်။
အဆိုပါ စာအုပ်သုံးအုပ်ထဲမှာမှ ကျေးဇူးရှင်စာအုပ်ဟာ အမိအဖတို့ရဲ့ ကျေးဇူးတရားကို အထူးဆင်ခြင်ကာ ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ မိဘကို စော်ကားတဲ့ သားသမီးဆိုတာ ဒီဘဝလည်း မကောင်းဘူး၊ နောင်ဘဝလည်း မကောင်းဘူးဆိုတာ ထင်ထင်ရှားရှားဖြစ်အောင် သာဓကပေါင်းများစွာနဲ့ ရေးဖွဲ့ထားပါတယ်။ စာအုပ်အမှာမှာလည်း ဦးနုဟာ အခုစာအုပ်ကို ဖတ်မိပြီး မိဘအပေါ် ဆိုးသွမ်းတဲ့ သားသမီးများ အမြင်မှန်တရားရကာ မိဘကျေးဇူးကို ဆင်ခြင်မိရင် ရေးရကျိုးနပ်ပါပြီလို့ အတိအလင်း ရေးထားပါတယ်။
| စာမျက်နှာ | 222 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2026 ဇူလိုင်လ (ပဉ္စမ-ကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ